close

ဂြစ်ချောင်းကျေးရွာ

close

November 22, 2022

မောင်တော ဂြစ်ချောင်းကျေးရွာပစ်ခတ်မှုတွင် ဒဏ်ရာရ ၆ လအရွယ်ကလေးငယ် ၁ ဦး ထပ်မံ သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂြစ်ချောင်းမြိုကျေးရွာမှာ လက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရသူတွေထဲက  မောင်တော ဆေးရုံမှာ ဆေးကုသမူခံယူနေတဲ့ ၆ လသား ကလေးငယ် တယောက်  နိုဝင်ဘာ ၂၁ ရက်ညက  ထပ်မံသေဆုံးသွားခဲ့လို့  လက်ရှိအထိသေဆုံးသူ ၁၃ ဦးအထိရှိလာနေပြီလို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူမှာ အသက် ၆ လအရွယ် မဆောင်ဝေဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်ညက မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့တာလို့ မိသားစုက ပြောပါတယ်။

မိသားစုဝင်တစ်ဦးက "မနေ့က ညအချိန်မှာ ဆုံးသွားတာပါ အသက် ၆ လပဲ ရှိပါသေးတယ်။ ဒဏ်ရာက ကျောကုန်းမှာ နှစ်နေရာ ခြေထောက်မှာ တနေရာပါ။ ကျောကုန်းကဒဏ်ရာက ပြင်းထန်လို့ သေဆုံးသွားတာ"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ကလည်း ခုနှစ်တန်းကျောင်းသား အသက် ၁၆ နှစ်အရွယ် မောင်ငွေပိုင်ဟာ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ရပါသေးတယ်။

ဂြစ်ချောင်းဒေသခံတစ်ဦးက "အခုဆို သေဆုံးသူ ၁၃ ယောက်အထိရှိလာနေတယ်။ ဆေးကုသမှုခံယူနေရတာက မောင်တောဆေးရုံမှာ ၂၀ ဦး၊ စစ်တွေဆေးရုံမှာ ၆ နှစ်အရွယ် ကလေးငယ် တဦးဆေးကုသနေတာ ကျန်နေသေးတယ်။"လို့ ပြောပါတယ်။

ဂြိတ်ချောင်းရွာမှာ နိုဝင်ဘာ ၁၆ ရက်က ကလေးကင်ပွန်းတပ်မွေးနေ့ပွဲ ကျင်းပနေစဥ် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူ ၁၀ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ကြရပြီး ဒဏ်ရာရရှိသူတွေအနက် ဒဏ်ရာပြင်းထန်သူ ၂၄ ယောက်ကို မောင်တောဆေးရုံသို့ပို့ဆောင်ခဲ့ရာ တယောက်  လမ်းခုလပ်မှာ သေဆုံးခဲ့ရပါတယ်။

ဒဏ်ရာအလွန်ပြင်းထန်သူ ၂ ယောက်ကို စစ်တွေကို ပို့ဆောင်ခဲ့ရပြီး ၇ တန်းကျောင်းသား ၁ တယောက်က နိုဝင်ဘာ ၁၈ ရက်က  စစ်တွေဆေးရုံမှာသေဆုံးသွားခဲ့ပါတယ်။ 

လူ ၁၃ ဦးသေဆုံးခဲ့ရတဲ့ ဂြစ်ချောင်းကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုထပ်မံမဖြစ်စေရေးအတွက် ကာကွယ်ပေးဖို့ မြိုတိုင်းရင်းသားပါတီက နိုဝင်ဘာလ ၂၂ ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

ဓါတ်ပုံ=မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူယင်း သေဆုံးသွားရသည့် အသက် ၆ လအရွယ်မဆောင်ဝေ အားတွေ့ရစဥ်။

13 mins Ago
Up