ရခိုင်ပြည်နယ်၊ ဂွမြို့ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိမြေငလျင်ဟာ ဇွန် ၁ရက် ည ၁၁ နာရီ ၁၃ မိနစ်လောက်မှာ ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့တာလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ငလျှင်လှုပ်ခတ်မှုကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ သိရှိ ခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့ခံတဦးက “သိမ့်ခနဲ ၃ ချက်လောက် ဖြစ်သွားတာ။ အပျက်အစီးအထိခိုက်တော့ လောလောဆယ်မရှိသေးဘူး။ မနက်မှ သိရမယ်။ လှုပ်တာတော့ တော်တော်ကြမ်းတယ် အားလုံးဘေးကင်းပါစေလို့ပဲ ဆုတောင်းပါတယ်”' လို့ ပြောပါတယ်။
မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးထိခိုက်မှုရှိတဲ့ သတင်းတွေကတော့ မရရှိသေပါဘူး။ မြေငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်တက်တဲ့ ဆူနာမီလှိုင်းတက်လာတာမျိုးတော့ မရှိသေးဘူးလို့ ချောင်းသာကမ်းခြေဒေသခံတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် တိုင်ကျိုးကျေးရွာမှာရှိတဲ့ စတိုးဆိုင်တဆိုင်မှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးပြတ်တဲ့အချိန် ဖယောင်းတိုင်မီးထွန်းရာကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ၂၉ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ ဂွမြို့နယ် မီးသတ်ဌာနက ပြောပါတယ်။
တောင်ကုတ်မြို့နယ်၊ ဖုန်းညိုကျေးရွာအနီးမှာရှိတဲ့ စက်သုံးဆီဆိုင်တဆိုင်မှာလည်း ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဆိုပါဆီဆိုင်မှာ ထင်းမီးဖိုနဲ့ ရေနွေးအိုးတည်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို မီးလောင်မှုကြောင့်ငွေကျပ် ၆ သိန်းလောက် ဆုံးရှုးသွားတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။