close

ငပုတောမြို့

close

March 18, 2022

ငပုတောမြို့ ၌ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အပြစ်ရှာဖမ်းဆီးရန် စစ်ကောင်စီ ပြင်ဆင်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ စာရင်းကို မတ်လဆန်းပိုင်းက စတင်ကာ ကောက်ယူဖို့အတွက် စစ်ကောင်စီက ထွေအုပ်ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ 

ဟိုင်းကြီးရေတပ်စခန်းတပ်မှူးက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူကို ညွှန်ကြားခဲ့တာဖြစ်ပြီး ဦးကျော်သူကတဆင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူကာ စာရင်းမဖြစ်မနေ ကောက်ဖို့ ညွှန်ကြားခဲ့တာလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး တယောက်က  ပြောပါတယ်။ 

“စာရင်းကောက်ခိုင်းတာတင် မဟုတ်ဘူး၊ အပြစ်မရှိ အပြစ်ရှာဖမ်းလို့ရတဲ့ခေတ် ရောက်နေပြီ။ စာရင်းကောက်ပြီး အားလုံးအပြစ်ရှာဖမ်းဖို့ လပတ်အစည်းဝေးမှာ ပြောတာ” လို့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။ 

သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအလိုက် နိုင်ငံရေးလှုပ်ရှားသူတွေကို စာရင်းကောက်ပေးတဲ့အခါ နာမည်စာရင်း ကျန်ခဲ့ရင်လည်း ကျန်ခဲ့တဲ့အုပ်ချုပ်ရေးမှူးကို ထိရောက်စွာ အရေးယူသွားမယ်ဆိုပြီး အစည်းအဝေးမှာ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းဘက်က ပြောင်းရွှေ့လာသူတဦး ဖြစ်သလို သူကိုယ်တိုင် အစည်းအဝေးမှာ မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို မြို့နယ်အတွင်းရေးမှူးဘဝထဲက နှိပ်ကွပ်လာတာဖြစ်ကြောင်း ပြောဆိုစည်းရုံးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

1 min Ago
Up