close

ငါတို့ရဲ့ နိုင်ငံတော်

close

June 18, 2021

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် “ငါတို့ရဲ့ နိုင်ငံတော်”ပန်းချီကားလေလံသိန်း၂၀ ထိရ ရှိနေ

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့် အထိမ်းအမှတ် ပန်းချီကားတကားကို ကြမ်းခင်းဈေး ကျပ် ၃ သိန်းနဲ့ လေလံဈေးခေါ်ထားပါတယ်။

  “Our State | ငါတို့ရဲ့နိုင်ငံတော်”လို့ အမည်ပေးထားတဲ့ ၁၀"x၁၂" အရွယ် ဒီ Acrylic ပန်းချီကားကတော့ ပန်းချီဆရာနန္ဒက ရေးဆွဲထားတာဖြစ်ပြီး လေလံတင်ရောင်း ရငွေအားလုံးကို REDs Vote NLD Page ကတဆင့် လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လေလံဆွဲဝယ်ယူလိုသူတွေအနေနဲ့ ဈေးတကြိမ်တိုးပေးတိုင်း အနည်းဆုံး ၁၀,၀၀၀ ကျပ် တိုးပေးကာ ပါဝင်နိုင်မှာဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့‌ဖြစ်တဲ့ ဇွန် ၁၉ ရက် စနေနေ့ နေ့လည် ၁၂ နာရီမှာ အများဆုံးလေလံဈေးပေးထားသူကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Reds Vote NLD ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပို့စ်အောက်မှာတော့ မိမိပေးလိုတဲ့ ဈေးနှုန်းကို မှတ်ချက်ပေးလေလံဆွဲနိုင်မှာဖြစ်ကာ တကယ်လို့ နာမည်မဖော်ပြချင်ရင် လည်း မိမိပေးလိုတဲ့ဈေးနှုန်းကို page messenger ကတဆင့် ပေးပို့နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းချီကားရောင်းရငွေရဲ့ ၁၀၀ ရာခိုင်နှုန်းလုံးကိုတော့ Reds Vote NLD မှတဆင့်   ပန်းချီဆရာနဲ့ ဝယ်ယူသူ နှစ်ယောက်နာမည်နဲ့ စီစဉ်လှူဒါန်းပေးမှာ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

ပန်းချီကားကို လေလံဈေးဖွင့်တဲ့ အချိန်ပိုင်းအတွင်းမှာပဲ ဈေးတိုးမြှင့်ဝယ်ယူမှုတွေ ရှိနေပြီး လက်ရှိအချိန်ထိ ငွေကျပ်သိန်း ၂၀ ထိ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

7 mins Ago
Up