close

ငါန်းဇွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်

close

July 23, 2021

ငါန်းဇွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်၏ ဇနီး၊ သား နှင့်သမီးတို့ ပြန်လွတ်လာ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုကျော်စိုးနိုင်ရဲ့ ဇနီး၊ သား နဲ့ သမီးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇူလိုင်လ ၂၂ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုကျော်စိုးနိုင် ရဲ့ ဇနီး၊ သား နဲ့ သမီးကို ဇူလိုင်လ ၂၀ ရက်နေ့က မြစ်သား ဘက်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး မြင်းခြံရဲစခန်းမှာ ချုပ်ကာ စစ်ဆေးခဲ့ပါတယ်။

“ဖမ်းသွားပြီး ကောင်းကောင်းမွန်မွန်ထားတယ်လို့တော့ ပြောတယ်။ ဖုန်းတွေ စစ်ပြီး မသက်ဆိုင်လို့ ပြန်လွှတ်ပေးလိုက်တာ လို့လည်း ပြောတယ်။” လို့ ငါန်းဇွန်မြို့ ဒေသခံတစ်ဦး က ပြေပါတယ်။

ဒီလို ပြန်လွှတ်ပေးပေမယ့် နေအိမ်ပြန်ရောက်ရှိကြောင်းကို သက်ဆိုင်ရာထံမှာ  အကြောင်းကြားတာတွေလုပ်ရတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုကျော်စိုးနိုင်ရဲ့ သားမှာ ဒုတိယနှစ် ကျောင်းသားဖြစ်ပြီး သမီးကတော့ ရှစ်တန်း ကျောင်းသူဖြစ်ကာ လက်ရှိ ငါန်းဇွန်မြို့မှာ နေထိုင်နေတယ်လို့ သိရပါတယ်။

13 mins Ago
Up