close

ငါးဖမ်းစက်လှေ

close

March 7, 2022

တနင်္သာရီမြစ်အတွင်း ငါးဖမ်းစက်လှေမီးလောင်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ပထက်ကမ်းကျေးရွာ၊ တနင်္သာရီမြစ်အတွင်း မတ်လ ၇ ရက်  ဒီမနက် ၆ နာရီ မိနစ် ၅၀ လောက်က ငါးဖမ်းစက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

မီးလောင်မှုကို မြိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ ထွက်ခွာပြီး မီးလောင်ရာသို့ အပေါ့စားမီးသတ်စက်တွေကို ရေသမ္ဗန်တွေနဲ့ တင်ဆောင် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၈  နာရီလောက်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ မီးလောင်ဆုံးရှုံးမှု ပမာဏကိုတော့ မသိရသေးပါဘူး။

3 mins Ago

March 4, 2020

ဟိုင်းကြီးကျွန်းတွင် ရပ်ထားသည့် ငါးဖမ်းစက်လှေ ၂ စီး မီးလောင်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ မတ်လ ၃ ရက် ညနေပိုင်းက ရပ်တန့်ထားတဲ့ ငါးဖမ်းစက်လှေ ၂ စီး မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ အမှတ် ၃ ရပ်ကွက် ဆိပ်ကမ်းမှာရပ်ထားတဲ့ ပြုံးမောင်စက်လှေမှာ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်လောက်က မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် ဟိုင်းကြီးမြို့မီးသတ်ဦးစီး လက်ထောက် မီးသတ်ဦးစီးမှူးဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၂၁ ဦးနဲ့ မီးငြှိမ်းသတ်ခဲ့ရာ ၇ နာရီ ၄၀ လောက်မှာ မီးငြိမ်းသွားတယ်လို့  ငပုတောမြို့နယ်မီးသတ် ဦးစီးမှူး ဦးမင်းအောင် က ပြောပါတယ်။ "စက်လှေမီးလောင်တာက ပဲနင်းဖြစ်တဲ့သူက ဆေးလိပ်သောက်ပြီး သစ်သားဘောင်ပေါ်တင် ထားတာ၊ အဲ့ကနေမီးကကူးစက်ပြီး စက်ခန်းကနေစလောင်တာပေါ့။ သေဆုံးထိခိုက်ဒဏ်ရာရတာ တော့မရှိပါဘူး။ ခုအဲ့ပဲနင်းဖြစ်သူကို ရဲစခန်းမှာအမှုဖွင့်စစ်ဆေးတာတွေ လုပ်နေပြီ"လို့ ပြောပါတယ်။ မီးသတ်ဦးဌာနက တာဝန်ရှိသူတဦးက “မီးလောင်ကျွမ်းမှုကြောင့် အလျား ၂၉ ပေ အနံ ၁၃ ပေ အမြင့် ၅ ပေကျော်ရှိတဲ့ ငါးဖမ်း စက်လှေ နှစ် စီးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးခဲ့တဲ့ပမာဏ ကျပ် ၆၇၅၀၀၀ ဖိုးလောက်ရှိမယ်လို့ တွက်ချက်ထားတယ်။ နှစ်စီးလုံးကတော့ပြာကျတဲ့အထိ လောင်တာမျိုး မဟုတ်ပေမယ့် တော်တော်များများ လောင်သွားတယ်”လို့ ပြောပါတယ်။ အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ ပြုံးမောင်စက်လှေ ပဲနင်းဖြစ်သူ အသက် ၂၂ နှစ်အရွယ်ရှိ ကိုကျော်သူလွင်ကို ဟိုင်းကြီးနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up