close

ငါးလုပ်ငန်း

close

September 19, 2022

ရုရှားက ငါးကို မြန်မာသို့တင်သွင်းပြီး တန်ဖိုးမြင့်ကုန်ထုတ်မည်ဟု စစ်ကောင်စီပြော

ရုရှားနိုင်ငံက ငါးကို မြန်မာနိုင်ငံကိုသွင်းပြီး တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြန်တင်ပို့ဖို့ ဆွေးနွေးမယ်လို့ စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မနေ့က ပြောပါတယ်။ 

ရုရှားနိုင်ငံမှာ စက်တင်ဘာ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ  ပြုလုပ်မယ့် Global Fisheries ဖိုရမ်နဲ့ Seafood Expo Russia ဖိုရမ်တို့မှာ အဲဒီလို ဆွေးနွေးမယ့်အကြောင်း ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက ရန်ကုန်၊ အင်းစိန်မြို့နယ်က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ပြောဆိုခဲ့တာပါ။ 

အဲဒီဖိုရမ်မှာ ရေထွက်ကုန်ကဏ္ဍအတွက် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနဲ့ ငါး၊ ပုစွန်မျိုး မြှင့်တင်တဲ့ နည်းပညာအပါအဝင် အကျိုးဖြစ်ထွန်းစေမယ့် ကဏ္ဍအသီးသီးကိုလည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာ ကျင်းပမယ့် အဲဒီဖိုရမ်ကို   စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊‌ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊  မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က  အဖွဲ့ဝင်တွေနဲ့ ရေလုပ်ငန်းကိုယ်စားလှယ်တွေ  တက်ရောက်ဆွေးနွေးမယ်လို့ သိရပြီး ရေထွက်ကုန်ကဏ္ဍမှာ မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကနေ ငါး/ပုစွန် ကဏ္ဍဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းသွားမယ်လို့လည်း စစ်ကောင်စီ လက်အောက်ခံ  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆိုပါတယ်။ 

စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ ကုန်သွယ်မှုတိုးမြှင့်ဖို့အတွက်လည်း ညှိနှိုင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်မှုက ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်မှာ  အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ပဲ ရှိခဲ့တာကြောင့် အမေရိကန်ဒေါ်လာ တစ် ဘီလီယံအထိ တိုးမြှင့်နိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း အသိပေး ကြေညာထားပါတယ်။ 

မြန်မာနိုင်ငံက ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း စတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေကို ရုရှားဈေးကွက်ကို ချဲ့ထွင်တင်ပို့နိုင်ရေးကိုလည်း ကြိုးပမ်းနေပါတယ်။

13 mins Ago

November 18, 2020

သီရိလင်္ကာတွင် ကိုဗစ်-၁၉ ကြောင့် ငါးလုပ်ငန်း ဆိုးဆိုးရွားရွား ထိခိုက်

သီရိလင်္ကာ ငါးလုပ်ငန်းဝန်ကြီးဟောင်း ဒီလစ်ဗီတာဟာချီက နိုဝင်ဘာ ၁၇ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငါးရောင်းအားတက်ဖို့ ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ ငါးကို အစိမ်းလိုက် စားပြခဲ့ပါတယ်။ အောက်တိုဘာ ၂၂ ရက်က သီရိလင်္ကာ လက်ကားငါးဈေးကြီးမှာ ကိုဗစ်-၁၉ ကူးစက်မှု အစုလိုက်တွေ့ခဲ့ပြီး အဲဒီကနေ  နိုင်ငံတဝန်း ထောင်နဲ့ချီ ကူးစက်ခဲ့ပါတယ်။  အဲဒီကတည်းက ငါးဈေးတွေ ထိုးကျခဲ့ပြီး ငါးလုပ်ငန်းက လူအတော်များများ စီးပွားရေး အထိနာခဲ့ပါတယ်။  နိုဝင်ဘာလ ၁၇ ရက်မှာပဲ သီရိလင်္ကာအစိုးရက ပြည်တွင်း ငါးစားသုံးမှု တိုးတက်အောင်  ၂၀၂၁ ဘတ်ဂျက်အတွက် နိုင်ငံခြားငါးမျိုးစုံအပေါ်တင်သွင်းခွန် အများကြီး တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာလိုက်ပါတယ်။
2 years Ago
Up