close

ငါးသိန်း

close

August 29, 2021

၂၀၂၁ နှစ်ကုန်တွင် အာဖဂန်ကထွက်ပြေးသူ ငါးသိန်းထိရှိနိုင်ဟု UNHCR ပြော

၂၀၂၁ နှစ်ကုန်ပိုင်းမှာ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးတဲ့ နိုင်ငံသား အယောက် ငါးသိန်းထိ ရှိနိုင်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က သြဂုတ် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

 ထွက်ပြေးလာတဲ့ အာဖဂန်ပြည်သူတွေ ဘေးကင်းရေးအတွက် အိမ်နီးချင်း နိုင်ငံအားလုံးက နယ်စပ်တွေကို ဖွင့်ထားပေးကြဖို့ကိုလည်း မေတ္တာရပ်ခံခဲ့ပါတယ်။

အာဖဂန်ပြည်သူ ထောင်ချီဟာ အီရန်နိုင်ငံထဲကို နေ့စဉ် ထွက်ပြေးလာနေကြတယ်လို့ ဆိုပါတယ်။

UNHCR ရဲ့ အရေးပေါ် အစီအစဉ်ထဲမှာ  လာမယ့် လေးလအတွင်း အာဖဂန် ပြည်သူ ငါးသိန်းလောက် အီရန်၊ ပါကစ္စတန်နဲ့ အလယ်အာရှနိုင်ငံတွေဆီကို ထွက်လာနိုင်ချေကို ထည့်သွင်း ထားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

13 mins Ago
Up