close

ငါးသိုင်းချောင်းတံတား

close

October 13, 2022

ငါးသိုင်းချောင်းတံတားပေါ်မှ ခုန်ချသွားသည့် အမျိုးသမီးကို ရှာမတွေ့သေး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ အောက်တိုဘာ ၉ ရက်က ရေထဲခုန်ချသွားတဲ့  အမျိုးသမီး တယောက်ကို  ၃ ရက်ကြာတဲ့အထိ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာမတွေ့သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အောင်ဆန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးဟာ ချစ်သူနဲ့အတူ ဘုရားပွဲလည်ပတ်ဖို့ ချိန်းထားရာကနေ ချစ်သူဖြစ်သူ ရောက်မလာလို့ တံတားပေါ်က ခုန်ချသွားတာလို့ ဒေသခံကပြောပါတယ်။

“လပြည့်ညက ခုန်ချသွားတာ၊ ဒီနေ့အထိ ပြန်မတွေ့သေးဘူး။ အဖော်ပါလာတဲ့ ကလေးမလေး ပြောတာတော့ ကောင်လေးနဲ့ချိန်းထားတာ ကောင်လေးမလာလို့ စိတ်ညစ်ပြီး ခုန်ချသွားတာပြောတယ်။”

တံတားပေါ်ကနေ ရေထဲခုန်ချသွားတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါလာတဲ့ မိန်းကလေးကိုလည်း စစ်ကောင်စီတပ်သားတွေက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

တံတားပေါ်က ခုန်ချသွားတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ပြန်လည်ရရှိဖို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ငါးသိုင်းချောင်းမြို့မှာ စက်တင်ဘာ ၃ ရက်ကလည်း အမျိုးသားတ‌ယောက် တံတားပေါ်က ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။

12 mins Ago

September 6, 2022

ငါးသိုင်းချောင်းတံတားပေါ်မှ ရေထဲခုန်ချသွားသည့် အမျိုးသား ၁ ဦး၏ အလောင်းပြန်တွေ့

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ စက်တင်ဘာ ၃ ရက်က တံတားပေါ်ကခုန်ချသွားတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားရဲ့ရုပ်အလောင်းကို စက်တင်ဘာလ ၅ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ 

ငါးသိုင်းချောင်းတံတားပေါ်က ခုန်ချသွားတဲ့ အသက် ၂၄ နှစ်အရွယ် မောင်သျှားသုစံရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက မနက်ပိုင်းမှာ တွေ့ရှိခဲ့ပြီး ရုပ်အနည်းငယ်ပျက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

“ရုပ်ကတော့ နည်းနည်းပျက်နေပြီ လုပ်စာရာရှိတာလုပ်ပြီးတာနဲ့ ချက်ချင်း မီးသင်္ဂြိုဟ်လိုက်ရတယ် ၃ ရက်မြောက်နေ့မှာ ပြန်တွေ့တာပါ”လို့ ဒေသခံတဦးက ပြောပါတယ်။

တံတားပေါ်ကနေ ရေထဲခုန်ချသေဆုံးခဲ့တဲ့ မောင်သျှားသုစံဟာ ရပ်ကွက်ထဲမှာ ဒေသခံပြည်သူတွေနဲ့ ဆက်ဆံရေးကောင်းသူဖြစ်ပြီး ရေထဲခုန်ချသွားရတဲ့အကြောင်းကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဩဂုတ်လကုန်ပိုင်းမှာ ရေထဲ ခုန်ချသတ်သေတဲ့သူ ၄ ဦးထိရှိခဲ့ပြီး အဲ့အထဲက ၂ ဦးရဲ့ရုပ်အလောင်းကိုသာ ပြန်လည်ရှာဖွေနိုင်ခဲ့ကာ အသက် ၃ နှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကိုတော့ ခုချိန်ထိ ပြန်ရှာမတွေ့သေးပါဘူး။

1 month Ago
Up