close

င်းခွဲတိုက်ခိုက်

A d v e r t i s e m e n t With Us

close

May 25, 2021

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီ၏ သံချပ်ကာကား ၂ စီး မိုင်းခွဲတိုက်ခိုက်ခံရ

ကယားပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲမှာ  အကြမ်းဖက် စစ်ကောင်စီရဲ့ သံချပ်ကာ ကားနှစ်စီးကို  မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) ကနေ သိရပါတယ်။

ဒီမော့ဆိုမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ဒီမနက်ပိုင်းအစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားနေခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးနိုင်ပြီး  PDFဘက်ကတော့ ၂ ယောက်ကျဆုံး ၃ ယောက် ဒဏ်ရာရထားတယ်လို့ PDFတပ်ဖွဲ့ဝင်တစ်ဦးက  ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲမှာ  စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေက      စက်သေနတ်၊ တင့်ကား၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေပြီး ရွာထဲအထိပါ လက်နက်ကြီး ကျရောက်မှုရှိနေလို့ ပြည်သူ တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသခံရွာသားတွေအများအပြား ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

12 hours Ago
Up