close

ငြင်းခုန်မှု

close

December 19, 2022

ကမ္ဘာ့အကောင်းဆုံးကစားသမားဘယ်သူလဲဆိုတဲ့ ငြင်းခုန်မှု ပြီးဆုံးသွားပြီဟု ကာရေဂါသုံးသပ်

ကမ္ဘာ့အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတဲ့ ငြင်းခုန်မှုတွေက ပြီးဆုံးသွားပြီလို့ အင်္ဂလန် ကစားသမားဟောင်းကာရေဂါက ပြောပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီက  ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာမရှိတော့ကြောင်း ကရေဂါကပြောပါတယ်။

ကာရေဂါဟာ သမိုင်းတလျှောက်အကောင်းဆုံးကစားသမား ၅ ဦးကို တွစ်တာကန တဆင့်ရွေးချယ်ခဲ့ပြီး မက်ဆီကို နံပါတ် တစ်နေရာမှာထားခဲ့ပါတယ်။

အဲဒီနောက် မာရာဒိုနာ၊ ပီလီ၊ ရော်နယ်ဒိုကြီးနဲ့ ဇီဒန်းတို့ကို အစဉ်လိုက် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ခြေစွမ်းအပေါ် ရှဝိုင်းစတိုင်ဂါ၊ ဂယ်ရီလိုင်နီကာတို့ကချီးကျူးခဲ့ကြပြီး ဒက်ကလန်ရိုက်၊ အေဗရာဟမ်တို့ဟာလည်းဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

4 mins Ago
Up