close

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်

close

December 26, 2021

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကွယ်လွန်

တောင်အာဖရိကနိုင်ငံမှာ နယ်ဆင်မန်ဒဲလားနဲ့အတူ အသားရောင်ခွဲခြားမှုစနစ်ကို ဆန့်ကျင်  တိုက်ပွဲဝင်ခဲ့တဲ့ အသက် ၉၀ အရွယ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒက်စမွန်တူးတူးဟာ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။ 

ဘုန်းတော်ကြီး တူးတူးဟာ ဆီးကျိတ်ကင်ဆာရောဂါ ခံစားနေရပြီး ဒီနှစ်တွေအတွင်း ဆေးရုံးမကြာခဏတက်ရောက် ကုသမှု ခံယူနေခဲ့ရသူလည်း ဖြစ်ပါတယ်။

ကိတ်တောင်းမြို့မှာရှိတဲ့ အဆင့်မြင့်ဆေးရုံမှာ ဒီနေ့ မနက်ပိုင်း ဘုန်းတော်ကြီး တူးတူး ကွယ်လွန်သွားတဲ့အကြောင်းကို ဘုန်းတော်ကြီးရဲ့ ဆရာဝန်က မိသားစုကိုယ်စား ကြေညာချက် ထုတ်ပြန်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားမှုစနစ်ကို  အကြမ်းမဖက်ဆန့်ကျင်တော်လှန်ရာမှာ ဦးဆောင်ခဲ့တဲ့ ဘုန်းတော်ကြီး တူးတူးဟာ ၁၉၈၄ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေး ဆုရရှိခဲ့ပါတယ်။

တောင်အာဖရိကမှာ နိုင်ငံရေး အပြောင်းအလဲကာလမှာ အမှန်တရားနှင့် ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်မှာကိုလည်း ဦးဆောင်မှု ပေးခဲ့သူ ဖြစ်ပါတယ်။

အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုဝံ့သူ ဘုန်းတော်ကြီး တူးတူးဟာ စိတ်ဝမ်းကွဲနေတဲ့ နိုင်ငံကို ကျင့်ဝတ်ပိုင်းအရ ဦးဆောင်မှု ပေးရာမှာ လူမည်းတွေသာမက လူဖြူတွေရဲ့ လေးစားမှုကိုပါ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဘုန်းတော်ကြီး တူးတူးဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ မြန်မာပြည်က အဖိနှိပ်ခံတွေဘက်က အစဉ်တစိုက် တက်ကြွစွာ ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။

2 mins Ago
Up