close

ငြိမ်းချမ်းရေးနှင့် စစ်ပွဲ

close

April 8, 2023

ထိုင်ဝမ်ကျွန်း၏အနာဂတ် ငြိမ်းချမ်းရေးနှင့် စစ်ပွဲ တခုရွေးချယ်ရမည် သမ္မတဟောင်းပြော

ထိုင်ဝမ်အစိုးရလက်ထက်မှာ တရုတ်နဲ့တင်းမာမှုတွေ မြင့်တက်လာပြီး ထိုင်ဝမ်ကျွန်းဟာ အနာဂတ်မှာ ငြိမ်းချမ်းရေးလား စစ်ပွဲလား နှစ်ခုအကြား ရွေးချယ်ရတော့မယ်လို့ ထိုင်ဝမ် သမ္မတဟောင်း မာယင်ကျိုးဟာ သူ့ရဲ့ တရုတ်နိုင်ငံကို အထင်ကရ ခရီးစဉ်အပြီး ဧပြီ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

အစိုးရအဖွဲ့ကတော့ ထိုင်ဝမ်ကို အန္တရာယ်ဖြစ်အောင် ဆက်လုပ်နေတယ်လို့ မာယင်ကျိုးဟာ သူ့ရဲ့ ၁၂ ရက်တာ တရုတ်ခရီးစဉ်ပြီးဆုံးလို့ ရှန်ဟိုင်းကနေ ပြန်ရောက်လာပြီးနောက် ထိုင်ဝမ်ရဲ့ အဓိက လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ထိုင်ဝမ်နဲ့တရုတ် တို့ဟာ တရုတ်တစ်နိုင်ငံတည်းရဲ့ အစိတ်အပိုင်းတွေဖြစ်ကြောင်း ယူဆတဲ့ “၁၉၉၂ သဘောတူညီချက်"ကို ထောက်ခံကြောင်း သမ္မတဟောင်း မာယင်ကျိုးဟာ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ 

လက်ရှိ ထိုင်ဝမ်သမ္မတ ဆိုင်ယင်းဝမ်ကတော့ အဲဒီသဘောတူညီချက်ကို အသိအမှတ် မပြုကြောင်း ငြင်းဆိုခဲ့ပါတယ်။ 

ထိုင်ဝမ်ခေါင်းဆောင်ရဲ့ ပြည်ပခရီးစဉ်မှာ အမေရိကန်မှာ တထောက်နားချိန်အတွင်း သမ္မတဆိုင်နဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီတို့ တွေ့ဆုံမှုကြောင့် ဒီသီတင်းပတ် အတွင်း တရုတ်နိုင်ငံရဲ့ဒေါသတွေ မြင့်တက်ပြီး တင်းမာမှုတွေ တိုးလာချိန်မှာ သမ္မတဟောင်း မာယင်ကျိုးရဲ့ ခရီးစဉ် ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

5 mins Ago
Up