close

ငွေကျပ် သိန်း ၂၀၀

close

July 15, 2022

မိုးကုတ်တွင် စစ်တပ်က လူ ၅ ဦးကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၂၀၀ ကျော် သိမ်းဆည်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်က ပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာ ဖမ်းဆီးသွားပြီး ကျောက်သွေးခုံက ငွေကျပ် သိန်း ၂၀၀ ကျော်ကိုလည်း သိမ်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အောင်သစ်လွင်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်က အိမ်ထောင်စုဇယားနဲ့ ဖမ်းဝရမ်း နာမည်စာရင်း တိုက်စစ်ဆေးပြီးနောက် အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ‌ယောက် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

အောင်သစ်လွင်ရပ်ကွက်ထဲက ကျောက်သွေးခုံကို စစ်တပ်က ဝင်ရောက်စစ်ဆေးပြီး ကျောက်တွေနဲ့ ငွေသိန်း ၂၀၀ ကျော်ကို ယူဆောင်သွားတယ်လို့​ ပြောပါတယ်။

မြို့ခံတဦးက “တအိမ်ဝင်တအိမ်ထွက် လိုက်စစ်တာဟုတ်တယ်။ ကျောက်သွေးခုံက ကောင်လေးက စစ်ခွေးလို့ ပြောလို့ဆိုပြီး နေရာမှာ ခွေးလိုအူခိုင်းတာတဲ့။ ကျောက်တွေလည်း ပါသွားတယ်ပြောတယ်။ ခု ၅ ယောက် အဖမ်းခံထားရတယ်” လို့ ​ပြောပါတယ်။

စစ်တပ်က ရပ်ကွက်အတွင်း ဝင်​ရောက်စစ်ဆေးနေချိန် ဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပေးဘဲ စစ်ဆေးခဲ့ပြီး သူတို့ထွက်သွားမှသာ အပြင်ထွက်ခွင့်ရတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ စစ်တပ်က ရပ်ကွက်တွေအတွင်း အင်အားသုံးပိတ်ဆို့ပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေကို ဇွန်လ တတိယပတ်က စတင်ပြီး လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

10 mins Ago

October 22, 2020

မန္တလေးUAB ဘဏ်ခွဲ ဓားပြတိုက်မှုဖြစ်စဉ်မှ သက်သေခံပစ္စည်းများ သိမ်းဆည်းရမိ

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့  ပြည်ကြီးတံခွန်မြို့နယ်၊ UAB ဘဏ်ခွဲကနေ ငွေကျပ် သိန်း ၂၀၀  လုယက်မှုဖြစ်စဉ်ကနေ သက်သေခံပစ္စည်းတွေကို ဒီကနေ့ သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လုယက်မှုကျူးလွန်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သူ့ရဲ့ဇနီးကို ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေ စစ်ဆေးခဲ့ရာမှာ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက သူတို့နေအိမ် မီးဖိုခန်း ထမင်း/ဟင်းချက်တဲ့ စင်အောက်က ဂက်စ်မီးဖိုထည့်တဲ့ ကော်ဘူးအတွင်းကနေ ဘောစေ့ထည့်ပစ်ရတဲ့ သေနတ် ၁ လက်၊ လက်ထိပ် ၁ ခု၊  ကျင်စက်၊ သေနတ်ထဲမှာ ထည့်ပစ်ရတဲ့ ဂက်စ်ဗူးအသေး ၂ ခု တို့ကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ လုယက်မှုကျူးလွန်သူရဲ့ ဇနီးကို ဆက်လက် စစ်ဆေးခဲ့ရာမှာ  မိန်းမကိုင် ပိုက်ဆံအိတ် ၁ လုံးမှာလည်း ပျောက်နေတယ်လို့ ထွက်ဆိုခဲ့တာကြောင့် သူတို့ နေအိမ်ကို အသေးစိတ်ရှာဖွေခဲ့ရာမှာ အိမ်အတွင်း သစ်သားသေတ္တာ တစ်ခုအတွင်းမှ အနွေးထည်တွေနဲ့ အုပ်ထားတဲ့ ပိုက်ဆံအိတ်ကို တွေ့ရှိခဲ့ပြီး အဆိုပါအိတ်အတွင်းမှာ တစ်သောင်းကျပ်တန် (၁၀၀) ရွက်ပါ အထုတ် (၁၉)ထုတ်၊ ကျပ် တစ်သောင်းတန် (၉၀) ရွက်ပါ (၁)ထုတ်၊ စုစုပေါင်း ငွေကျပ် ၁၉၉ သိန်းကို  ပြန်လည်တွေ့ရှိသိမ်းဆည်းမိခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ သိမ်းဆည်းရမိခဲ့တဲ့ သက်သေခံ ယာဉ်ပေါ်မှာပါရှိတဲ့ စာရွက်အပိုင်းအစလေးတစ်ခုမှာရေးထားတဲ့ ဖုန်းနံပါတ်ကနေ စုံစမ်းကာ ခက်ခဲစွာ ဖော်ထုတ်ခဲ့တာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အမှုကို ဉပဒေနဲ့အညီ တရားစွဲတင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ မန္တလေး UAB ဘဏ်ခွဲ ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး နာရေးကိစ္စရှိနေလို့ ရဲတပ်ဖွဲ့က နေအိမ်ကို အသေးစိတ် စိစစ်မှု မလုပ်သေးတာဖြစ်ပြီး နာရေးကိစ္စပြီးစီးလို့  ဒီနေ့ နေအိမ်ကို အသေးစိတ်စိစစ်ရာ ဇနီးဖြစ်သူ မသိအောင်သိုဝှက် သိမ်းဆည်းထားတဲ့ ဘောစေ့ထည့် ပစ်ခတ်ရတဲ့ ကော်သေနတ်၊ ဘော့စေ့တွေနဲ့ ငွေကျပ် ၁၉၉ သိန်းကို သိမ်းဆည်းရမိတာလို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ လုယက်မှု ကျူးလွန်သူကိုတော့ အောက်တိုဘာလ ၁၇ ရက်နေ့က ချမ်းမြသာစည်မြို့နယ် ဗဟိုမီးသတ်တပ်ဖွဲ့ခြံဝန်းရဲ့ အပြင်ဘက်မှာ လည်ပင်းကို သွပ်နန်းကြိုးနဲ့ ဆွဲကြိုးချ သေဆုံးတဲ့ပုံစံနဲ့ တွေ့ရှိခဲ့ပြီး လက်ကောက်ဝတ်သွေးကြောကို ဓားနဲ့ အနည်းငယ်လှီးထားတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း ၁၃၁ လမ်းထောင့်ရှိ UAB ဘဏ်ခွဲတစ်ခုဖြစ်တဲ့ မန္တလေး (စက်မှုဇုန်) ဘဏ်ခွဲမှာ ဘဏ်ဓားပြတိုက်သူဟာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး သေနတ်ပြကာ ဘဏ်ကနေ ငွေကျပ် သိန်း ၂၀၀  လုယက်ပြီး ကားနဲ့  ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ ဓားပြတိုက်သူဟာ သူရဲ့ အ၀တ်အစားတွေကို ကားပေါ်မှာ မီးရှို့ပြီး သူမောင်းလာတဲ့ကားကို  ပြည်ကြီးတံခွန်မြို့နယ် (၆၉/A)လမ်း၊ မြဝတီမင်းကြီးလမ်းနဲ့ ကနောင်မင်းသားကြီးလမ်းကြားမှာ ထားပစ်ခဲ့တာကို တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ UAB ဘဏ်ခွဲ လုယက်မှုနဲ့ ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှာ အောက်တိုဘာလ ၁၅ ရက်နေ့က  လုယက်မှု ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်လှစ်ထားပါတယ်။ သတင်း- ထိန်ထိန်လင်း ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့/ ရဲဇာနည်
2 years Ago
Up