close

ငွေတောင်စားသောက်

close

January 22, 2023

တောင်ဥက္ကလာ ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများဝိုင်းဖမ်းခဲ့သည့် UG လူငယ် ၁ ဦး သေဆုံး

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီးနောက် ဖမ်းဆီးခံလိုက်ရတဲ့ UG လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ UG အဖွဲ့တွေကို ထောက်ပို့လုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက် နေ့လယ်က  တောင်ဥက္ကလာ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီးနောက် ဗုံးလာပစ်တဲ့လူငယ်နှစ်ဦးကို ရုံးဘေးနားမှာရှိတဲ့ ငွေတောင်စားသောက်ဆိုင် ဝန်ထမ်းတွေက လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

အဲဒီတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးရုံးဘက်က ထိခိုက်သေဆုံးတာမရှိဘဲ   Black Fox Yangon UG Association အဖွဲ့က လူငယ်တစ်ဦးဖမ်းဆီးခံရပြီး  သေဆုံးခဲ့တယ်လို့ ထောက်ပို့လုပ်ပေးနေသူ တစ်ဦးက ပြောပါတယ်။

ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ ငွေတောင်စားသောက်ဆိုင်ပိုင်ရှင်ရဲ့သားဟာ ဗိုလ်ကြီးအောင်ခိုင်ဝင်းဖြစ်ပြီး  ဘေးက အညာသွေးစားသောက်ဆိုင်နဲ့ ဆွေမျိုးသားချင်းတွေဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ငွေတောင်စားသောက်ဆိုင်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခဲ့ခြင်း မရှိပါဘူး။

အဲဒီငွေတောင်စားသောက်ဆိုင်ဟာ အာဏာသိမ်းတဲ့ကာလအစောပိုင်းမှာ ဆန္ဒပြတဲ့ပြည်သူတွေ သူ့ဆိုင်မှာ လာမထိုင်ရဘူးဆိုပြီး မောင်းထုတ်သလို အဲဒီကိစ္စကြောင့်ပဲ အစောင့်တွေနဲ့ အကာရံတွေနဲ့ ကာထားတယ်လို့  ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ငွေတောင်စားသောက်ဆိုင်အနေနဲ့ အဲဒီလုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ငွေတောင်စားသောက်ဆိုင်တဝိုက်ကို ရှောင်ကြဉ်သွားလာကြဖို့ Black fox Yangon UG အဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

NB Black Fox UG

2 hours Ago
Up