close

ငွေတောင်ဆည်

close

January 1, 2022

ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး ဒေသခံကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်း

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဒီဇင်ဘာ ၃၁ ရက်က တိုက်ပွဲပြင်းထန်ခဲ့တဲ့နေ ရာတွေကို PDF ၊ KNDF၊ KA နဲ့ တခြားကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ဇန်နဝါရီ ၁ ရက် မနက်ပိုင်းက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုရှိခဲ့လို့ သူတို့ အမာခံ တပ်စွဲထားတဲ့ ငွေတောင်ဆည်လမ်းဆုံရှိ အဆောက်အအုံကနေ ဆုတ်ခွာသွားတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

"မနေ့က အကြမ်းဖက်တပ်က အထိနာလို့ လေကြောင်းပစ်ကူ၊ တင့်ကားပစ်ကူ၊ လက်နက်ကြီးပစ်ကူ ယူပြီး သူတို့ တပ်စွဲထားတဲ့နေရာကနေ ပြန်ဆုတ်သွားလို့ ဒီနေ့ နယ်မြေရှင်း လင်းရေး လုပ်တာပါ"လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက်က မနက် ၉  နာရီကနေ ညသန်းခေါင်ကျော်ထိ တိုက်ပွဲပြင်ထန်းစွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအလုံးရေ ရာနဲ့ချီကာ အဆက် မပြတ်ပစ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် တင့်ကားတွေပါ အသုံးပြု ပစ်ခတ်တိုက် ခိုက်ခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်လမ်းဆုံမှာ မနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ထိခိုက်ကျဆုံးရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ထိခိုက်ဒဏ်ရာ ရတာရှိခဲ့ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ကယားပြည်နယ်အတွင်းက ဒေသခံပြည်သူတွေ စုပေါင်းပြီး လက်နက်ဆွဲကိုင်တွန်းလှန်နေတာဆိုရင် ၈ လ ကျော်ကြာ မြင့်နေပြီ ဖြစ်ပါတယ်။

ကယားပြည်နယ်ရဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေဟာ နွေဦးတော်လှန်ရေးကာလအတွင်း နယ်မြေ တချို့ကို စိုးမိုးထားနိုင်နေပြီလို့ သိရပါတယ်။

10 mins Ago

February 11, 2021

ဒီးမော့ဆို ဆန္ဒပြပြည်သူအချို့ ငွေတောင်ဆည်အနီး ဖမ်းဆီးခံရ

ကယားပြည်နယ် လွိုင်ကော်ဆန္ဒပြပွဲမှာ လာရောက်ပူးပေါင်းပြီး ပြန်သွားတဲ့  ဒီးမော့ဆိုမြို့နယ်က ပြည်သူအချို့ကို ငွေတောင်ဆည်အနီးမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ကျောင်းဆရာမ ၄ ဦးအပါအဝင် ၇ ဦးရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ စုံစမ်းနေဆဲဖြစ်ပြီး ဒီးမော့ဆိုရဲစခန်းကတော့ သူတို့ မထိန်းသိမ်းထားဘူးလို့ ပြောပါတယ်။

ဒီးမော့ဆိုရဲစခန်းမှာတော့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဆက်လက် ဆန္ဒပြတောင်းဆိုနေကြပါတယ်။

11 months Ago
Up