close

ငွေပျော်စံပြကျေးရွာ

close

January 5, 2022

စစ်ဘေးရှောင်များနေသည့် ငွေပျော်စံပြကျေးရွာတွင် မီးလောင်၊ နေအိမ် ၃ လုံးဆုံးရှုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်တဲ့  ငွေပျော်စံပြကျေးရွာမှာ ဇန်နဝါရီ ၄ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ငွေပျော်စံပြကျေးရွာမှာ လူမနေတဲ့အိမ်ကနေ ည ၁၁ နာရီလောက်က စတင်လောင်ကျွမ်းပြီး နေအိမ် ၃ လုံး ဆုံးရှုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ည ၁၁ နာရီလောက်မှာ စလောင်တာ၊ စလောင်တဲ့အိမ်က လူမနေဘူး၊ ရံဖန်ရံခါတော့ လူလာတာတွေ့မိတယ်။ မီးကူးစက်ခံရတဲ့ ဘေးအိမ် နှစ်အိမ်က လူနေတယ်။ နေ့လယ်ပိုင်းကတော့  မီးစတင်လောင်ကျွမ်းတဲ့အိမ်ကို လူတွေ လာတာတွေ့တယ်။ နေ့လယ်က  ချက်ပြုတ်စားရင်း ပြန်သွားပြီး မီးကြွင်းမီးကျန်ကနေ လောင်တာဖြစ်နိုင်တယ်။”

မီးလောင်ကျွမ်းမှုကို ကျေးရွာသူကျေးရွာသားတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မီးသတ်ကား ဖုန်းဆက် အကြောင်းကြားခဲ့ပေမယ့် ကျေးရွာနဲ့ အလှမ်းကွာဝေးတဲ့အတွက် မီးငြှိမ်းသတ်ပြီးမှ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

ငွေပျော်စံပြကျေးရွာဟာ စစ်ရှောင်ပြည်သူတွေကို ပြန်လည်နေရာချထားတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေ ၄၀၀ ကျော်ရှိကာ ကချင်ပြည်နယ် မြစ်ကြီးနားမြောက်ဘက် ၁၃ မိုင်ခန့်အကွာမှာ တည်ရှိနေပါတယ်။

2 mins Ago
Up