close

ငွေလိမ်ခံရ

close

February 6, 2023

မလေးရှားသွားမည့်မြန်မာ ၄၉ ဦး ငွေလိမ်ခံရသည့်အပြင် အဖမ်းခံရ

ထိုင်းအနောက်ပိုင်း၊ ပရကျူပ်ခီရခန်ခရိုင်၊ ကော်လတ်မြို့ နောင်ခန်ကျေးရွာအုပ်စုထဲမှာ မလေးရှားသွားမယ့် မြန်မာနိုင်ငံသား ၄၉ ဦး အလိမ်ခံရတဲ့အပြင် အဖမ်းပါခံလိုက်ရတယ်လို့ ဖေဖော်ဝါရီ ၅ ရက် Komchadluek ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။ 

နယ်မြေထဲမှာ မသင်္ကာဘွယ်လူတွေရောက်ရှိနေကြောင်း ကြိုတင်သတင်းပေးချက်အရ အမှတ် ၁၄၆ နယ်ခြားစောင့်တပ်၊ အုပ်ချုပ်ရေးဌာနဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့ရာမှာ တောအုပ်ထဲ ပုန်းရှောင်နေတဲ့ တရားမဝင် မြန်မာအမျိုးသား ၃၅ ဦး အမျိုးသမီး ၁၄ ဦး ပေါင်း ၄၉ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ သူတို့တွေဟာ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ မြန်မာပြည်က ပွဲစားအဆက်အသွယ်နဲ့ ထိုင်းနယ်စပ်ထဲအရင်ဝင်လာကြောင်း၊ မလေးရှားမှာ အလုပ်ရဖို့ အပြီးအစီး ၁ ဦးလျှင် ၄၅၀၀၀ ဘတ်ပေးခဲ့ရပြီး  နယ်စပ်ကနေခြေလျင်လျှောက်လာတာလို့ ဆိုပါတယ်။ 

တောထဲကနေ  မလေးရှားကိုဆက်သွားဖို့အတွက် ထိုင်းပွဲစားကို လာခေါ်ဖို့ ဆက်သွယ်ရာမှာတော့ ထိုင်းပွဲစားက မြန်မာပွဲစား သူတို့ဆီငွေလွှဲလာတာမရှိတဲ့အတွက် လာမခေါ်နိုင်ကြောင်းပြောလို့ အခက်အခဲဖြစ်နေစဉ် ခုလိုအဖမ်းခံလိုက်ရတာလို့ ဆိုပါတယ် ။ 

တာဝန်ရှိသူတွေက သူတို့အားလုံးကို ကိုဗစ်-၁၉ စစ်ဆေးပြီး လဝကဥပဒေနဲ့အရေးယူဖို့ ရဲစခန်းကို ခေါ်သွားကာ ပွဲစားတွေကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

4 mins Ago
Up