close

ငွေလိမ်မှု

close

February 7, 2022

ဖျာပုံထောင်ရှိ နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးမည်ဆိုကာ မိသားစုထံမှ ငွေလိမ်မှုများရှိနေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ အကျဉ်းထောင်မှာ မတရားပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ‌ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက ပိုက်ဆံတောင်းယူပြီး ပြန်လွှတ်ပေးမယ်ဆိုကာ လိမ်လည်မှုတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ကာ ငွေတောင်းခံတာတွေပြုလုပ်ပြီး ပြန်လွှတ်ပေးမယ်ဆိုတဲ့  လိမ်လည်မှုတွေရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ဝန်ထမ်းထဲက ပါလို့ ဒီလိုမိသားစုဝင်တွေကို သိတာပေါ့။ လိမ်တာက အရာရှိက လွှတ်ပေးလိုက်တာလို့ပြောပြီး ဝင်တာ။ မိသားစုကို ပိုက်ဆံတောင်းပြီး လွတ်ငြိမ်း ပါအောင်လုပ်ပေးမယ်ပြောတာပေါ့”လို့ ဒေသခံတယောက်က  ပြောပါတယ်။

အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေရဲ့  မိသားစုဝင်တွေကို ငွေကျပ်   ၃ သိန်းတောင်းယူပြီး ပြန်လွှတ်ပေးတာစောင့်ဖို့ ပြောဆိုသလို ဒီလိုလာတဲ့အကြောင်းကို တခြားသူတွေကို ပြန်မပြောဖို့အတွက် ပိတ်ပင်တာတွေလည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကကျပ် ငွေ ၃ သိန်းကို ရှာပေးပြီး နီးစပ်ရာ နိုင်ငံရေးအသိုင်းဝိုင်းက လူအချင်းချင်း ပြန်တိုင်ပင်မှသာ အဲ့ဒီလို လိမ်လည်ခံရတာကို သိခဲ့ရတာလို့ ဒေသခံအများစုက ပြောပါတယ်။

အလားတူ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတဝန်း နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို  စစ်အုပ်စုက ကြုံသလိုဖမ်းဆီးပြီး  ရဲစခန်းအချုပ်တွေမှာ ထိန်းသိမ်းထားကာ မိသားစုတွေ ဆွေမျိုးတွေထံက ငွေညှစ်တာတွေရှိနေပါတယ်။

ဒါ့အပြင် သွားရောက်ဖမ်းဆီးတဲ့အခါမှာလည်း ပိုင်ဆိုင်တဲ့ ငွေကြေးတွေ၊ အဖိုးတန်  လက်ဝတ်လက်စားတွေနဲ့ တယ်လီဖုန်းတွေ၊ ကွန်ပြူတာတွေကအစ သိမ်းယူပြီး ပြန်မပေးတော့ တာတွေလည်း ရှိနေပါတယ်။ 

24 seconds Ago

March 3, 2020

နေရပ်ပြန်လိုသည့် တရုတ်ပြည်ရောက် မြန်မာရွေ့ပြောင်းလုပ်သမားများကို ငွေလိမ်မှုများရှိနေ 

တရုတ်မှာရောက်နေတဲ့ တရားမဝင် မြန်မာလုပ်သားတွေကို နေရပ်ပြန်ပို့ပေးမယ်ဆိုပြီး ငွေတွေ လိမ်ညာတာ ရှိနေတာကြောင့် သံရုံးနဲ့ တရုတ်ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ပဲ ပြန်ကြဖို့ မြန်မာသံရုံးက အသိပေးထုတ်ပြန်ပါတယ်။ လက်ရှိ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေတာနဲ့ ခရီးသွားလာရေးခက်ခဲနေတာကို အသုံးချပြီး တရုတ်စကားကျွမ်းကျင်တဲ့ မြန်မာလုပ်သားတွေကပဲ အချင်းချင်းပြန်လိမ်လည်နေတာလို့ တရုတ်ရဲတပ်ဖွဲ့က အသိပေးလာတာ ဖြစ်ပါတယ်။ တရားမဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့အတွက် တရုတ်ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေအရ မဖြစ်မနေပေးဆောင်ရမယ့် ဒဏ်ငွေတွေကို အတတ်နိုင်ဆုံးလျှော့ပေါ့ပေးဆောင်စေ တယ်လို့ ပေကျင်းမြို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ပေကျင်းမြို့ မြန်မာသံရုံးကို ဆက်သွယ်လာတဲ့ မြန်မာနိုင်ငံသားတွေထဲက ဒုတိယ အသုတ်အနေနဲ့ ချင်းတိုင်းရင်းသား ၁၅ ယောက်အပါအဝင် ၅၉ ယောက်ကို မတ် ၂ ရက် နေ့လယ်ပိုင်းက ရှန်းတုန်းပြည်နယ်၊ ရုန်းချောင်မြို့ကနေ ဘတ်စ်ကား ၂ စီးနဲ့ မြန်မာ-တရုတ် နယ်စပ်ဂိတ် ချင်းရွှေဟော်ကို ပို့ပေးခဲ့ပြီး အစောဆုံး မတ်လ ၅ ရက်လောက်မှာ ရောက်နိုင်မယ်လို့ ဆိုပါတယ်။ လမ်းခရီး ပြည်နယ် ၅ ခုမှာရှိတဲ့ ဂိတ်အများအပြားမှာ ကျန်းမာရေး စစ်ဆေးတာခံရမှာ ဖြစ်လို့ အခုလို ကြန့်ကြာတာ ဖြစ်ပါတယ်။ ပထမအသုတ် ၆၄ ယောက်ကို မတ် ၁ ရက်က ပို့ပေးခဲ့ပြီး အစောဆုံး မတ် ၄ ရက်လောက်မှာ ရောက်နိုင်မှာ ဖြစ်ပါတယ်။ တတိယအသုတ် ၃၁ ယောက်ကိုတော့ ရှန်းတုန်းပြည်နယ်၊ ရုရှန်းမြို့ကနေ ဘတ်စ်ကားနဲ့ ချင်းရွှေဟော်ကို ပို့ပေးလိုက်ပြီး မတ်လ ၄ ရက်လောက်မှာရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။  မတ် ၂ ရက်အထိ ပို့ပေးပြီးသူ ၁၅၄ ယောက်ရှိပြီး နောက်ထပ်လည်း အသုတ်လိုက်ပို့နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။ သူတို့တွေ ချင်းရွှေဟော်ကိုရောက်ရင် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးတာ၊ နိုင်ငံသားဆိုင်ရာ စိစစ်တာနဲ့ တခြားလိုအပ်တာတွေ စိစစ်ပြီး လွှဲပြောင်းလက်ခံသွားရေးအတွက် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် သက်ဆိုင်ရာ အစိုးရဌာနတွေကို အသေးစိတ်အကြောင်းကြားသွားမယ်လို့ လည်း ဆိုပါတယ်။ တရုတ်နိုင်ငံရှိ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သံရုံးကိုဆက်သွယ်ကြဖို့နဲ့ လိုအပ်ရင် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှာဖြစ်သလို အစားအသောက်တွေ အခက်အခဲရှိရင်လည်း သံရုံးကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ အစောပိုင်းကပဲ ထုတ်ပြန်ထားပါတယ်။ နေရပ်ပြန်လိုတဲ့ မြန်မာတွေအနေနဲ့ မိမိတို့နေထိုင်တဲ့ ပြည်နယ်၊ ပြည်နယ်ခွဲ၊ စီရင်စု၊ မြို့နယ်နဲ့ ကျေးရွာအုပ်စုတို့ပါတဲ့ နေရပ်လိပ်စာအပြည့်အစုံနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ Wechat နံပါတ်တို့ကို အတိအကျဖော်ပြပြီး သံရုံးကို ပို့ပေးရမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းကတော့ ပေကျင်းမြို့၊ မြန်မာသံရုံး – +၈၆ ၀၁၀ ၆၅၃ ၂၄ ၅၅၄ ဖြစ်ပါတယ်။  ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ကွေ့ကျိုးပြည်နယ်နဲ့ ချုံချင်းမြို့ မြူနီစပါယ်အုပ်ချုပ်ရေးဒေသတို့မှာ ရောက်နေသူတွေအနေနဲ့ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး – +၈၆ ၈၇၁ ၆၈၁ ၆၂၈ ၁၄၊ +၈၆ ၁၇၆ ၈၇၀ ၀၁၈ ၇၄ ကို ဆက်သွယ်ရမှာပါ။ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ဟူနန်ပြည်နယ်နဲ့ ကွမ်တုန်းပြည်နယ်တို့မှာ ရောက်နေသူတွေ အနေနဲ့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး – +၈၆ ၇၇၁၅ ၆၇၂ ၈၄၅၊ +၈၆ ၁၈၅၇၇၁ ၄၅၉ ၃၉ ကို ဆက်သွယ်ပေးကြဖို့ သံရုံးက ကြေညာထားပါတယ်။
2 years Ago
Up