close

ငွေသားထုတ်ယူမှု

close

June 9, 2022

မြို့ကြီးအချို့တွင် ATM စက်များမှ ငွေသားထုတ်ယူနိုင်ပြီဟု KBZ ဘဏ်ကြေညာ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီးမြို့တို့ရှိ သတ်မှတ်ထားတဲ့ KBZ ATM ငွေထုတ်စက်တွေမှာ ဇွန် ၉ ရက်ကစပြီး တစ်ပတ်လျှင် အများဆုံး ကျပ် ၃ သိန်း ငွေသားထုတ်ယူနိုင်ပြီလို့ KBZ က သတင်းထုတ်ပြန်ပါတယ်။ 

ကမ္ဘောဇဘဏ်အနေနဲ့ ဖောက်သည်တွေရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ အခုလို ATM စက်တွေမှာ ငွေသားထုတ်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးတာဖြစ်ပြီး ကမ္ဘောဇဘဏ် MPU Debit (ATM ကတ်) မှဖြစ်စေ၊ mBanking Cardless Withdrawal ကတ်မဲ့ငွေထုတ်ခြင်းနည်းလမ်းဖြင့်ဖြစ်စေ ထုတ်ယူနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငွေသားထုတ်ယူနိုင်တဲ့ KBZ ATM တွေဆက်လက်တိုးချဲ့ပေးသွားမှာဖြစ်ပြီး ငွေထုတ်ယူနိုင်တဲ့  ATM စာရင်းတွေကို အချိန်နဲ့တပြေးညီကြေညာသွားမယ်လို့လည်းဆိုပါတယ်။။ 

သတ်မှတ်ထားသော မြို့ကြီးများရှိ KBZ ATM များတွင် ငွေသားထုတ်ယူနိုင်ပါပြီ

ငွေထုတ်ယူနိုင်တဲ့ မြို့ကြီးတွေရှိ သတ်မှတ်ထားတဲ့ KBZ ATM စာရင်းတွေကို  KBZ ဘဏ် ဝက်ဘ်ဆိုက်မှာ ကြည့်ရှုနိုင်တယ်လို့ သိရတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးနဲ့ ဘဏ်လုပ်ငန်းတွေလည်း ကမောက်ကမ အခက်အခဲနဲ့ကြုံနေရပြီး  အခုလို အချိန် ၁၅ လကျော်ကြာလာတဲ့အထိ ပြည်သူလူထုတွေဟာ ဘဏ်တွေမှာ  မိမိ အပ်ထားတဲ့ငွေကို လိုသလောက် ပြန်ထုတ်ခွင့်မရတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့နေရတာပါ။

စီးပွားရေးနဲ့ ငွေပေး၊ ငွေယူ၊ ငွေလွှဲလုပ်ငန်းတွေ လုပ်ဆောင်ရာမှာလည်း အဆင်ပြေချောမွေ့မှုမရှိဘဲ ကော်မရှင်ခ ရာခိုင်နှုန်းအလိုက်ပေးရတာ၊ ဘဏ်တွေက အကန့်အသတ်နဲ့သာ ငွေထုတ်ပေးတာ၊   ATM  စက်တွေမှာ ငွေထုတ်မရတာ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာ စတဲ့ အခက်အခဲ မျိုးစုံနဲ့ ပြည်သူတွေကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

1 min Ago
Up