close

စကားလုံး

close

April 1, 2022

“စေ့စပ်ညှိနှိုင်းမှုတွေ ဆက်ဖြစ်နေပါတယ်၊ ဒါပေမဲ့ စကားလုံးတွေပါပဲ” - ယူကရိန်းသမ္မတ

ယူကရိန်းနဲ့ ရုရှားကြား ဆွေးနွေးပွဲတွေ ဆက်ဖြစ်နေပေမဲ့ ‘စကားလုံးတွေသက်သက်ပဲ၊ လောလောဆယ်အထိ ဆုပ်ဆုပ်ကိုင်ကိုင် ဘာရလဒ်မှ မရှိဘူး” လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမှာ ဇလန်းစကီးက ရုပ်သံကနေ ပြောလိုက်ပါတယ်။ 

ဇလန်းစကီးက “ဟုတ်ပါတယ်..စေ့စပ်ညှိနှိုင်းမှုတွေ ဆက်ဖြစ်နေပါတယ်။ ဒါပေမဲ့ စကားလုံးတွေပါပဲ။ ကိယက်ဗ်မြို့နဲ့ ချာနီဟိဗ်မြို့ကနေ ရုရှားတပ်တွေ ပြန်ရုပ်သွားပြီလို့ ပြောနေတဲ့ စကားလုံးတွေလည်း ရှိပါတယ်။ တကယ် ရုပ်သွားတာ မဟုတ်ပါဘူး၊ ယူကရိန်းရဲ့ ခုခံတိုက်ခိုက်မှုကြောင့် နောက်ဆုတ်သွားတာပါ။ အခုဆို ဒွန်းဘတ်စ်ဒေသမှာ တိုက်ပွဲအသစ်အတွက် ရုရှားတပ်တွေ ပြန်စုစည်းနေတာ တွေ့ရတယ်၊ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။  

ပြီးခဲ့တဲ့ရက်ပိုင်းက တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ယူကရိန်းနဲ့ ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ခဲ့ပြီး ရုရှားက နှစ်ဖက် ယုံကြည်မှုတည်ဆောက်ဖို့ ကိယက်ဗ်မြို့တော်တဝိုက်က တပ်တွေ ပြန်ရုပ်မယ်လို့ ပြောခဲ့တာပါ။ 

အမှန်တကယ်က ယူကရိန်းတို့ ခုခံမှုကြောင့် ရုရှားတပ်တွေ နောက်ဆုတ်နေရတာပါ။ 

သမ္မတဇလန်းစကီးက မတ် ၃၀ ရက်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ဖုန်းနဲ့စကားပြောခဲ့ပြီး၊ အမေရိကန်က ယူကရိန်းအတွက် တိုက်ရိုက်ဘတ်ဂျက်အကူအညီ ဒေါ်လာ သန်း ၅၀၀ ပေးမယ်လို့ ပြောပါတယ်။

14 mins Ago
Up