close

စကော့တလန် ရဲတပ်ဖွဲ့

close

August 15, 2022

ဟယ်ရီပေါ်တာဇာတ်လမ်းတွဲ ဖန်တီးသူ ခြိမ်းခြောက်ခံရမှု စကော့တလန်ရဲတပ်ဖွဲ့ စစ်ဆေး

ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ ဖန်တီးသူ ဂျေကေရောလင်းဟာ ဟိန္ဒူစာရေးဆရာ ဆယ်လ်မန် ရပ်ရှ်ဒီ ဓားထိုးခံရမှုကို ပြစ်တင်ရှုတ်ချကြောင်း တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ပြောအပြီး အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက်ခံခဲ့ရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးနေပြီလို့ စကော့တလန်ရဲတပ်ဖွဲ့က ဩဂုတ် ၁၄ ရက်မှာ ပြောပါတယ်။

ဟယ်ရီပေါ်တာ ဖန်တီးရှင်က သတင်းကိုကြားအပြီး အင်မတန် စက်ဆုပ်ခံစားရတယ်လို့ ပြောပါတယ်။ ဝတ္ထုရေးသူ အဆင်ပြေစေဖို့ မျှော်လင့်တယ်လို့လည်း တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။

အဲဒီအချိန်မှာ တွစ်တာသုံးစွဲသူ တယောက်က ‘စိတ်မပူပါနဲ့ ခင်ဗျားက နောက်အလှည့်’ လို့ တုံ့ပြန် ပြောဆိုခဲ့တာပါ။

တွစ်တာပေါ်က ခြိမ်းခြောက်မှုကို ဖန်သားပြင်ဓာတ်ပုံ ရိုက်ယူမျှဝေအပြီး ရောလင်းက “ထောက်ခံတဲ့ သတင်းစကားပေးပို့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ရဲတွေ ပါဝင်ပတ်သက် နေပါပြီ”လို့ ပြောခဲ့ပါတယ်။

စကော့တလန် ရဲတပ်ဖွဲ့ ပြောခွင့်ရကတော့ “ကျမတို့ဟာ အွန်လိုင်း ခြိမ်းခြောက်မှု အစီရင်ခံစာကို လက်ခံရရှိထားပြီး အရာရှိတွေက စုံစမ်းစစ်ဆေးနေပြီ”လို့ ပြောပါတယ်။

ရောလင်းဟာ အရင်ကလည်း တက်ကြွလှုပ်ရှားသူတွေရဲ့ ဝေဖန်တာ ခံခဲ့ရဖူးပါတယ်။

48 seconds Ago
Up