close

စက္ကူရုပ်တု

close

March 21, 2022

စပိန်နိုင်ငံ၌ စက္ကူရုပ်တုကြီးများကို မီးရှို့ပြီး ဖဲယက်စ်ပွဲတော်ကျင်းပ

စပိန်နိုင်ငံ၊ ဗလန်စီယာမြို့က ဖဲယက်စ်ပွဲတော် နောက်ဆုံးနေ့မှာ စက္ကူပျော့ဖတ်တွေနဲ့ ပုံသွင်း ထုလုပ်ထားတဲ့ ရုပ်တုကြီးတွေကို မတ် ၁၉ ရက်က မီးရှို့ခဲ့ကြပါတယ်။

နီနော့ဂ်စ်လို့ခေါ်တဲ့ အရုပ်ကြီးတွေ ဖန်တီးဖျက်ဆီးတဲ့ ပွဲတော် လက်စ်ဖားယက်စ်ဟာ မီးတွေလို့ အဓိပ္ပာယ် ရပါတယ်။

စပိန်နိုင်ငံ ဗလန်စီယာမြို့မှာ နွေဦးရာသီနဲ့ စိန့်ဂျိုးဇက်နေ့ကို ကြိုဆိုတဲ့ အနေနဲ့ ဒီပွဲတော်ကို မတ် ၁၅ ရက်ကနေ ၁၉ ရက်ကြားမှာ ကျင်းပလေ့ရှိပါတယ်။

ဒီပွဲတော်ဟာ ဆောင်းရာသီကုန်ဆုံးချိန်မှာ ကျင်းပတဲ့ ပွဲတွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး အရုပ်တွေကို ထုလုပ်သူ လက်သမား သူတော်စင် ဂျိုးဇက်ကို ပူဇော်တဲ့ပွဲ အနေနဲ့လည်း မှတ်ယူကြပါတယ်။ 

1 min Ago
Up