close

စက်ရုံ ၅၀၀ ကျော်

close

July 30, 2021

ထိုင်းနိုင်ငံတဝန်း စက်ရုံ ၅၀၀ ကျော်၊ အလုပ်သမား ၃၆,၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က စတင်ကာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်ခဲ့တဲ့ ထိုင်းနိုင်ငံတဝန်း ခရိုင် ၄၉ ခုက စက်ရုံပေါင်း ၅၀၀ ကျော်၊ အလုပ်သမားဦးရေ ၃၆,၈၆၁ ယောက် ရောဂါကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ခရိုင်တွေထဲမှာတော့ ဖက်ချဘူရီခရိုင်က ရောဂါကူးစက်ခံရသူဦးရေ ၄,၄၆၄ ယောက်နဲ့ အမြင့်ဆုံး ဖြစ်နေတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံခန့် ခွဲရေးစင်တာ(စီစီအက်စ်အေ) ပြောရေးဆိုခွင့်ရသူ ထဝီဆင် ဗီဆနူယော်ထင်က ပြောပါ တယ်။

အဲဒီနောက်မှာတော့ ဖက်ချာဘွန်က ၃,၄၈၇ ယောက်၊ ပရာချွတ်ခီရိခန်က ၂,၅၃၈ ယောက်၊ ဆမွတ်စခွန်က ၂,၄၉၆ ယောက်၊ ဆောင်ခလာခရိုင်က ၂,၂၀၉ ယောက်စီနဲ့ အ သီးသီး ကူးစက်ခံထားရပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁,၀၀၀ နဲ့အထက် ရှိနေတဲ့ ခရိုင် ၁၅ ခု၊ ၅၀၁ ယောက်ကနေ ၉၉၉ ယောက်ကြား ရှိနေတဲ့ ခရိုင် ၅ ခုနဲ့ ၅၀၀ အောက် ရောဂါကူးစက် ခံထားရတဲ့ ခရိုင် ၂၉ ခု ရှိနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု အဆိုးဝါးဆုံး ရိုက်ခတ်ခံရတဲ့ နယ်ပယ်ကတော့ စား သောက်ကုန်ထုတ်လုပ်ငန်းတွေဖြစ်ပြီး စက်ရုံအလုပ်ရုံ ၉၉ ခုထိ ကူးစက်ခံခဲ့ရကာ အဲဒီ နောက်မှာတော့ အီလက်ထရောနစ်စက်ရုံ ၇၄ ခု၊ အထည်ချုပ်စက်ရုံ ၄၂ ခု၊ သတ္တုပစ္စည်း စက်ရုံ ၄၂ ခုနဲ့ ပလတ်စတစ်ပစ္စည်းစက်ရုံ ၃၆ ခု ပါဝင်နေတာပါ။

ထိုင်းနိုင်ငံတဝန်းလုံးမှာတော့ စက်ရုံအလုပ်ရုံပေါင်း ၆၄,၀၃၈ ခုထိ ရှိနေပြီး အဲဒီထဲ က ၁၈,၀၀၅ ခုက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့အညီ ဆက်လက်လည်ပတ်နေတာ ဖြစ်ပါတယ်။       လက်ရှိအချိန်ထိ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅ သိန်း ၇ သောင်းကျော်၊ သေဆုံးသူ ၄,၆၀၀ ကျော်နဲ့ ကမ္ဘာ့နိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးအဆင့် ၄၄ နေရာမှာ ရှိနေပါတယ်။

Photo Credit- Bangkok Post

10 mins Ago
Up