close

စက်လှေနစ်မြုပ်

close

June 24, 2022

မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စက်လှေတစီး နစ်မြုပ်ပြီး လူ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ အနောက်ဘက်အင်းအတွင်း ဇွန် ၂၄ ရက် မနက် ၆ နာရီခွဲလောက်က စက်လှေတစီး နစ်မြုပ်ခဲ့ပါတယ်။

စက်လှေဟာ မြွေဟင်္သာရွာကနေ စကျင်ရွာဘက်ကို ကူးလာတဲ့အချိန် မှောက်ခဲ့တာဖြစ်ပြီး စက်လှေပေါ်မှာ အမျိုးသား ၅ ဦး လိုက်ပါလာရာ ၄ ဦး အသက်ရှင်ကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) မှ တာဝန်ရှိသူက “ကျနော်တို့ မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ ဒိုင်ဗာတင်းက သွားရောက်ရှာဖွေ ကယ်ဆယ်ခဲ့တာ။ စက်လှေပေါ်ပါတဲ့ ၅ ဦးမှာ တဦးက ပျောက်သွားတဲ့အတွက် ရှာဖွေခဲ့ရတယ်။ နေ့လယ် ၁၂ နာရီလောက်မှာ ရုပ်အလောင်းကိုတွေ့တယ်။ ဒီအချိန်က ရေတိုးတဲ့အချိန်ဆိုတော့ မတော်တဆ မှောက်တာဖြစ်မယ်” လို့ ပြောပါတယ်။

ရေနစ်သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် ဇင်ကို ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို မတ္တရာပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

4 mins Ago

January 17, 2020

ကျောက်ဖြူတွင် ငါးဖမ်းစက်လှေနှင့် သင်္ဘောတိုက်မိပြီး လူ ၄ ဦးသေ၊ ၁ ဦးပျောက်ဆုံး 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကင်းမြောက်ကျေးရွာအုပ်စု ကင်းချောင်းပင်လယ်ဝမှာ ဇန်နဝါရီ ၁၃ ရက်ညက ငါးဖမ်းစက်လှေတစီးကို သင်္ဘောတစီးက ဝင်ရောက်တိုက်မိလို့ စက်လှေနစ်မြုပ်သွားကာ လူ ၄ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေတယ်လို့ ကျောက်ဖြူ မြို့မရဲစခန်းက သိရပါတယ်။ အဆိုပါ စက်လှေမှာ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာက ဦးအောင်ကျော်နု ပိုင်ဆိုင်တဲ့စက်လှေဖြစ်ပြီး ဦးအောင်ကျော်နု ဦးစီးကာ  တရွာတည်းနေသူ ၆ ဦးနဲ့အတူ ကင်းချောင်းပင်လယ်ဝမှာ ငါးဖမ်းနေစဉ် အမည်မသိ သင်္ဘောကဝင်ရောက်တိုက်မိခဲ့တာကြောင့် စက်လှေ နစ်မြုပ်သွားတာပါ။ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက “စက်လှေနဲ့ ဘယ်သင်္ဘောတိုက်သွားတာလည်းတော့မသိဘူး၊ စက်လှေပေါ်ပါတာက လူ ခုနှစ် ယောက်ပေါ့၊ တစ်ယောက်ကပျောက်နေတယ်၊ နှစ်ယောက်က အသက် ရှင်တယ်၊ အလောင်းပေါ်တာ ကတော့ လေး ယောက်”လို့  ပြောပါတယ်။ အဆိုပါငါးဖမ်းစက်လှေနစ်မြုပ်သွားတာကြောင့် စက်လှေပေါ်တွင်လိုက်ပါလာသူတွေထဲက ဦးထွန်းမောင်နဲ့ ဦးအဒူလ္လာကိန်းတို့နှစ်ဦးသာ အသက်ရှင်ကျန်ရစ်ကာ စက်လှေပိုင်ရှင် ဦးအောင်ကျော်နုအပါအဝင် ၅ ဦး ပျောက်ဆုံးလို့ တစ်ရွာတည်းနေသူများနဲ့ လိုက်လံရှာဖွေခဲ့ကြပါတယ်။ နစ်မြုပ်သွားတဲ့နေရာအနီးမှာ ဇန်နဝါရီ ၁၄ ရက်နေ့က စက်လှေကိုပြန်လည်တွေ့ရှိခဲ့ပြီး ကျောက်ဖြူမြို့ကို သယ်ယူလာကာ စက်လှေအားစစ်ဆေးစဉ် စက်လှေဝမ်းဗိုက်ထဲက ဦးအောင်ကျော်နုပါ လေး ဦးမှာ ပုတ်ပွသေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး သင်္ဘောမောင်းနှင်သူကို သေဆုံးသွားသူဦးအောင်ကျော်နုရဲ့ အစ်ကိုဦးမောင်ထွန်းအေးက တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့တဲ့အတွက် ကျောက်ဖြူမြို့မရဲစခန်းမှာ ပုဒ်မ-၂၈၀/၃၀၄က နဲ့အမှုဖွင့်လှစ်ထားပါတယ်။ နောင်နောင်
2 years Ago
Up