close

စကျင်ကျေးရွာ

close

June 24, 2022

မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စက်လှေတစီး နစ်မြုပ်ပြီး လူ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ အနောက်ဘက်အင်းအတွင်း ဇွန် ၂၄ ရက် မနက် ၆ နာရီခွဲလောက်က စက်လှေတစီး နစ်မြုပ်ခဲ့ပါတယ်။

စက်လှေဟာ မြွေဟင်္သာရွာကနေ စကျင်ရွာဘက်ကို ကူးလာတဲ့အချိန် မှောက်ခဲ့တာဖြစ်ပြီး စက်လှေပေါ်မှာ အမျိုးသား ၅ ဦး လိုက်ပါလာရာ ၄ ဦး အသက်ရှင်ကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) မှ တာဝန်ရှိသူက “ကျနော်တို့ မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ ဒိုင်ဗာတင်းက သွားရောက်ရှာဖွေ ကယ်ဆယ်ခဲ့တာ။ စက်လှေပေါ်ပါတဲ့ ၅ ဦးမှာ တဦးက ပျောက်သွားတဲ့အတွက် ရှာဖွေခဲ့ရတယ်။ နေ့လယ် ၁၂ နာရီလောက်မှာ ရုပ်အလောင်းကိုတွေ့တယ်။ ဒီအချိန်က ရေတိုးတဲ့အချိန်ဆိုတော့ မတော်တဆ မှောက်တာဖြစ်မယ်” လို့ ပြောပါတယ်။

ရေနစ်သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် ဇင်ကို ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို မတ္တရာပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

4 mins Ago

October 13, 2019

ဝယ်ယူသူများ၍ စကျင်ကျေးရွာ စကျင်ရုပ်တုဈေးကွက် ကောင်းမွန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်  စကျင်ကျောက်ထွက်ရှိရာ စကျင်ကျေးရွာအထိ ဝယ်ယူသူတွေ လာရောက်နေတာကြောင့် စကျင်ရုပ်တုဈေးကွက် ကောင်းမွန်နေတယ်လို့ သိရပါတယ်။ ယခင်က မန္တလေးမြို့နဲ့ အခြားဒေသတွေက မှာယူမှုတွေကိုသာ ရောင်းချပေးခဲ့ရာက အခုအခါမှာ လူသိပိုများလာပြီး စကျင်ကျေးရွာအထိ လာရောက်ဝယ်ယူကြတဲ့အတွက် အရောင်းအဝယ်ပိုမိုကောင်းမွန်လာတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက တနှစ်ကို ကျပ်သိန်းခြောက်ဆယ်ဖိုးလောက်သာ ရောင်းချခဲ့ကြရပြီး အခုအခါ ကျပ်သိန်း ၁၀၀ ဖိုးလောက်အထိ ရောင်းချနေရတယ်လို့ စကျင်ရုပ်တု ရောင်းဝယ်ရေးလုပ်ငန်းရှင် မယဉ်ယဉ်နွဲ့က ပြောပါတယ်။ ပြည်တွင်းက ကိုးကွယ်သူ၊ ပြန်လည်‌ရောင်းချသူတွေတင်မက ပြည်ပက လာရောက်ဝယ်ယူမှုတွေရှိတယ်လို့လည်း စကျင်ရုပ်တု ရောင်းဝယ်ရေးလုပ်ဆန်းရှင် ကိုထွန်းဝင်းကျော်က ပြောပါတယ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာဟာ အရည်အသွေးကောင်းမွန်တဲ့ စကျင်ကျောက်တွေ ထွက်ရှိတာဖြစ်ပြီး စကျင်ရုပ်ထုထွင်းထုတဲ့ ပန်းတမော့လုပ်ငန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိမှာ အိမ်ခြေ ၁၂၀၀ လောက်ရှိပြီး ကျေးရွာရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ စကျင်လုပ်ငန်းအပေါ်  မှီခိုလုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
3 years Ago
Up