close

စကြာတောင်

close

May 22, 2021

စကြာတောင်ပေါ်နေသူများ ဖမ်းဆီးခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စကြာတောင်ပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူ ၃၀ လောက်ကို စစ်ကောင်စီက မေ ၂၁ ရက် ည ၉ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  မေ ၂၁ ရက် ညနေ ၅ နာရီလောက်က မြင်းခြံမြို့ပေါ် ၄ နေရာမှာ တပြိုင်တည်း ဗုံးပေါက်ကွဲခဲ့လို့ မြင်းခြံနယ် ပျားကျေးရွာကို ဝင်ရောက်ရှာဖွေရာက မြင်းခြံ နွားထိုးကြီး နယ်အစပ်က စကြာတောင်ပေါ်မှာနေထိုင်တဲ့ အမျိုးသား၊ အမျိုးသမီး ၃၀ ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

     မေ ၂၂ ရက် ဒီကနေ့မနက်မှာလည်း စကြာတောင်တဝိုက်နဲ့ ပျားရွာ၊ ခံစပ်ကုန်းရွာတွေအနီးမှာ ပိတ်ဆို့ရှာဖွေနေတာကြောင့် ဒေသခံတချို့  ရွာမှာ မနေရဲဘဲ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

6 mins Ago
Up