close

စခန်းချ

close

February 10, 2022

ပိုလန်ရောက် အမေရိကန်စစ်သားများ မီးလက်စ်မြို့လေဆိပ်အနီး စခန်းချ

ပိုလန်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် စစ်သားတွေဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က နိုင်ငံအရှေ့တောင်ပိုင်း မီးလက်စ်မြို့ လေဆိပ်နားမှာ ယာယီ စခန်းချနေကြပါတယ်။

ပိုလန်နဲ့ ရိုမေးနီးယားကို အမေရိကန်စစ်သား ၃၀၀၀ စေလွှတ်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်က အမိန့်ထုတ်အပြီးမှာ အခုလို တွေ့လာရတာပါ။ 

ရုရှားဟာ ယူကရိန်းနဲ့နယ်စပ်မှာ တပ်အင်အားကို တိုးချထားတာကြောင့် အမေရိကန်ကလည်း နေတိုးအဖွဲ့ဝင် အရှေ့ပိုင်းနိုင်ငံတွေမှာ စစ်အင်အားဖြည့်တင်းဖို့ ဖြစ်လာပါတယ်။ 

ယူကရိန်းနဲ့ နယ်စပ်မှာ ချထားတဲ့ ရုရှားတပ်အင်အားဟာ ၁ သိန်းဝန်းကျင် ရှိနေပြီး အမေရိကန် ဦးဆောင်နေတဲ့ နေတိုးအဖွဲ့ထဲကို ရုရှားနဲ့ နယ်စပ်ချင်း ကပ်နေတဲ့ ယူကရိန်းကို ထည့်သွင်းပြီး အမေရိကန် သြဇာချဲ့ထွင်တာ မလုပ်ဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ 

ယူကရိန်းကို နယ်မြေ မကျူးကျော်ပါဘူးလို့ ရုရှားက ထပ်တလဲလဲ ပြောနေပေမယ့် အနောက်နိုင်ငံတွေကတော့ ရက်ပိုင်း ဒါမှမဟုတ် လပိုင်းအတွင်းပဲ ရုရှားက ယူကရိန်းကို ဝင်သိမ်းတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

6 mins Ago

November 12, 2021

ဘဲလာရုစ်နှင့်ပိုလန်ကြား ရွှေ့ပြောင်းနေထိုင်သူများ စခန်းချနေထိုင်

ရွှေ့ပြောင်းနေထိုင်ရေး အကြပ်အတည်း ဆိုက်နေတဲ့ ဘဲလာရုစ်နဲ့ ပိုလန် ၂ နိုင်ငံ နယ်စပ်မှာ စခန်းချ နေထိုင်ကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ညပိုင်းမြင်ကွင်းကို ဘဲလာရုစ် တယ်လီဂရပ်ဖ် အေဂျင်စီက နိုဝင်ဘာ ၁၁ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။

ပိုလန်နိုင်ငံထဲကို နယ်စပ်ဖြတ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေ ရောက်လာအောင် တွန်းအား ပေးတဲ့နည်းနဲ့ ပေါင်းစပ် တိုက်ခိုက်မှု တိုးလာနေတယ်လို့ ဥရောပသမဂ္ဂက ဘဲလာရုစ်နိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ စွပ်စွဲခဲ့ပါတယ်။

ရုရှားနဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးတို့ကိုပါ ဆွဲခေါ်လာဖို့ ခြိမ်းခြောက်နေတဲ့ အကျပ်အတည်းအတွက် ဘဲလာရုစ်အစိုးရကို ဒဏ်ခတ်မှု အသစ်တွေချဖို့ လမ်းကြောင်း ဖော်နေတာပါ။

နယ်စပ်ရဲ့ ပိုလန်နိုင်ငံဘက်ခြမ်းမှာ ရွှေ့ပြောင်းနေထိုင်သူ ၇ ယောက်ကို သေဆုံးလျက်သား တွေ့ရတယ်လို့ ပိုလန် အစိုးရက ပြောပါတယ်။

ဘဲလာရုစ်နိုင်ငံဘက်ခြမ်းမှာ သေဆုံးသူ ပိုများတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိ နေပါတယ်။

ဘဲလာရုစ် နိုင်ငံထဲမှာ ပိတ်မိနေပြီး အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန်၊ နဲ့ အာဖရိက တို့က လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပိုလန်နိုင်ငံထဲကို ဝင်ဖို့ ညတွင်းချင်း အတင်း ကြိုးစားနေတယ်လို့ ပိုလန်အစိုးရက ပြောပါတယ်။

နယ်စပ်မှာ တပ်တွေ ပိုချထားပြီးပြီလို့လည်း ကြေညာခဲ့ပါတယ်။

ပိုလန်ရဲ့ လက်ရှိ အာဏာရ အမျိုးသားရေးဝါဒီ တွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ကာကွယ်ဖို့ လျှောက်လွှာတွေကို လက်ခံရမယ့်အစား ခိုလှုံလာသူတွေကို ဘဲလာရုစ်နိုင်ငံထဲ ပြန်တွန်းပို့နေလို့ ခိုလှုံခွင့်အတွက် နိုင်ငံတကာ အခွင့်အရေးကို ချိုးဖောက်တယ်လို့ လူသားချင်းစာနာမှု ရေးရာ အုပ်စုတွေက စွပ်စွဲပါတယ်။

ပိုလန်အစိုးရကတော့ သူ့လုပ်ရပ်က တရားဝင်တယ်လို့ ပြောခဲ့ပါတယ်။

3 months Ago
Up