close

စခန်းမှူး

close

October 29, 2022

ငါ့သရောက်ရဲစခန်း တိုက်ခိုက်ခံရ၊ စခန်းမှူးအပါအဝင် ၁၁ ဦး သေဆုံး

မန္တလေးတိုင်း ငါ့သရောက်မြို့ နယ်မြေရဲစခန်း အောက်တိုဘာ ၂၉ ရက်နေ့ ညနေလေးနာရီခွဲက ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ရဲ ၁၁ ဦးသေဆုံးပြီး လက်နက်တွေ သိမ်းဆည်းခံခဲ့ရတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ နယ်မြေရဲကင်းစခန်းကို ဒီကနေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ အမည်မဖော်လိုသူဝန်ထမ်းတဦးက ပြောပါတယ်။

"ဆိုင်ကယ်တွေနဲ့ လာပစ်တာ၊ ပြေးချိန် ပြန်ပစ်ချိန်တောင်မရလိုက်ဘူး။ ၁၁ ဦးသေတယ်၊ ရဲမေ ၁ ဦး ဒဏ်ရာရတယ်၊ သေနတ်တွေပါယူသွားတယ်။" 

သေဆုံးသွားသူတွေကတော့ စခန်းမှူးရဲအုပ်အေးကျော်၊ ဒုရဲအုပ်ဖြိုး ဝေလင်းနဲ့ အခြားအဆင့် ၉ ဦး သေဆုံးပြီး ရဲမေ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက  ပြောပါတယ်။

"သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့နေတာနဲ့ လက်နက်တွေပြန် မစစ်နိုင်ဘူး။ လက်နက်တွေပါသွားတယ်၊ ဘယ်လောက်လဲတော့ မသိသေးဘူး။"

ပစ်ခတ်မှုဖြစ်ပြီးနောက် သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေကို စစ်ကောင်စီက လူနာတင်ယာဥ်တွေနဲ့ ငါ့သရောက်မြိုနယ်ရင်ခွဲရုံနဲ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြေပါတယ်။

လက်တလောမှာ ငါ့သရောက်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ အင်အားတိုးမြှင့်ကာ ချထားပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

6 hours Ago

July 24, 2022

စနဲမြို့တွင် စခန်းမှူး ၁ ဦးကို အေအေတပ်ဖွဲ့ဝင်များ ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှာ ဇူလိုင် ၂၄ ရက် မနက် ၈ နာရီက စစ်ကောင်စီလက်အောက်ခံ စခန်းမှူး ရဲအုပ် ကျော်ဇင်ဝင်းကို ဈေးဝယ်သွားချိန် အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ 

ရဲအုပ်ကျော်ဇင်ဝင်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး မြို့အနှံ့ နေရာယူကာ သွားလာနေတဲ့သူတွေကို စစ်ဆေးနေတာကြာင့် ဒေသခံတွေ စိုးရိမ်နေတဲ့အပြင် စျေးတွေနဲ့ ဆိုင်ခန်းတွေ ပိတ်ထားလိုက်ကြတယ်လို့ ဆိုပါတယ်။ 

စနဲမြို့ခံ‌တဦးက  “ဒီနေ့ မနက်ပိုင်း စနဲစခန်းမှူးဆိုသူ စျေးလာဝယ်ချိန် အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းတယ်လို့ သိရတယ်။ မြို့လမ်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတွေ ပိတ်ပြီး စစ်ဆေးတာတွေ တော့ရှိတယ်။ လတ်တလောတော့ ဖမ်းဆီးတာတော့ မကြားရသေးဘူး” လို့ ပြောပါတယ်။ 

ဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေဘက်ကတော့ ဒုရဲအုပ်ကို သူတို့ ဖမ်းဆီးသွားတယ်ဆိုတာမျိုး ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ 

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် (အေအေ) တို့ကြား စစ်ရေးတင်းမာနေချိန် စစ်ကောင်စီက ရခိုင်က မြို့နယ်အနှံ့မှာ စစ်အင်အားတိုးချဲ့တာတွေ၊ စစ်ရေးလှုပ်ရှားတာတွေနဲ့ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေသလို ရခိုင့်တပ်တော်အေအေကလည်း စစ်ကောင်စီတပ်ဖွဲ့တချို့ကို ပြန်လည်ဖမ်းဆီးတာတွေ ရှိလာ နေပါတယ်။

3 months Ago
Up