close

စစ်ကိုင်းတိုင်းဥပဒေချုပ်

close

November 2, 2022

စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်‌‌မောင်‌လှ မုံရွာထောင်မှ လွတ်‌‌မြောက်‌

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံနေရတဲ့ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှဟာ နိုဝင်‌ဘာ ၁ ရက်‌က မုံရွာအကျဉ်းထောင်‌ကနေ လွတ်‌‌မြောက်‌လာပါတယ်‌။

စစ်‌ကိုင်းတိုင်း အန်အယ်လ်ဒီ ပါတီ တာဝန်‌ရှိတယောက်က‌ “မ‌နေ့ည‌ပိုင်းကမှ စစ်‌ကိုင်းတိုင်း ဥပ‌ဒေချုပ်‌ ဦးခင်‌‌မောင်‌လှ ပြန်‌လွတ်‌‌မြောက်‌လာခဲ့တယ်။ ဥပ‌ဒေချုပ်‌က အာဏာသိမ်းပြီး  ၁ ရက်‌‌နေ့မှာ အဖမ်းခံရတာ။ မ‌နေ့ကမှ မုံရွာအကျဉ်းထောင်‌က‌နေ လွတ်‌‌မြောက်‌လာခဲ့တယ်‌”လို့ ပြောပါတယ်‌။

ဥပဒေချုပ် ဦးခင်မောင်လှဟာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) နဲ့ ဒီဇင်‌ဘာ ၁၇ ရက်‌‌က မုံရွာအကျဉ်းထောင်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့ပါတယ်။

4 hours Ago
Up