close

စစ်ကိုင်းတိုင်း ဥပဒေချုပ်

close

December 17, 2021

စစ်ကိုင်းတိုင်း ဥပဒေချုပ်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချ

စစ်ကိုင်းတိုင်းဥပဒေချုပ် ဦးခင်မောင်လှကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) အမှုအတွက်  ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်  အမိန့်ချလိုက်တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

တိုင်းဥပဒေချုပ်ဦးခင်မောင်လှကို စစ်ကောင်စီက  အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ ဒီနေ့ မုံရွာအကျဉ်းထောင်တရားရုံး ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်တာလို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ ဥပဒေချုပ်အပါအဝင် ဝန်ကြီးတချို့ကို မုံရွာထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်စစ်ဆေးနေတာလို့ သိရပါတယ်။

2 mins Ago

March 2, 2021

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဥပဒေချုပ်တို့ကို အမှုဖွင့်ပြီး မုံရွာထောင်တွင် ချုပ်နှောင်

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဥပဒေချုပ် ဦးခင်မောင်လှတို့ကို အာဏာသိမ်းစစ်ကောင်စီက  နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ကာ မုံရွာအကျဉ်းထောင်မှာ ချုပ်‌နှောင်ထားပါတယ်။

ဒီအတွက် မုံရွာမြို့က တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက မုံရွာထောင်ကို သွားရောက်ကာ ရှေ့နေလွှဲစာရရှိရေးနဲ့ တွေ့ဆုံခွင့်ရရှိရေးတောင်းဆိုခဲ့ပေမယ့် လွှဲစာမှာ လက်မှတ်ထိုးတာကိုတော့ရရှိခဲ့ပြီး တွေ့ခွင့်တော့ မရရှိခဲ့ပါဘူး။ 

ရုံးချိန်းကိုတော့ မတ်လ ၅ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။ ရှေ့နေ အတွက်တော့ အစွပ်အစွဲခံရသူနဲ့တွေ့ခွင့်မရတာဟာ  အမှုအတွက် အကြီးမားဆုံး အခက်အခဲပဲလို့ ဦးမိုးဇော်ထွန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင်တွေထဲက ဝန်ကြီးချုပ်နဲ့  ဥပဒေချုပ်တို့ကိုသာ ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပြီး ကျန်တဲ့ ဝန်ကြီးတွေကိုတော့ မနေ့က နေအိမ်အရောက် ပြန် ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။

10 months Ago
Up