close

စစ်ကူစေလွှတ်

close

October 15, 2021

ပူတာအိုမှ စစ်ကောင်စီတပ် အင်အား ၃၀၀ ခန့် စစ်ကိုင်းတိုင်းသို့ စစ်ကူစေလွှတ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့ကနေ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အင်အား ၃၀၀ လောက်ကို အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက တပ်ပိုင်လေယာဉ်နဲ့ စစ်ကိုင်းတိုင်းကို ခေါ်သွားတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီ တပ်သားနဲ့ပြည်သူ့စစ်တပ်သား စုစုပေါင်း အယောက် ၃၀၀ ကွက်တိပါ။ ဒီနေ့ မနက်ပိုင်းက  တပ်ပိုင်လေယာဉ်နဲ့လာခေါ်သွားတယ်။ တပ်ပိုင်လေယာဉ်မှာ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတယ်လို့ သတင်းထွက်နေပေမဲ့ မျက်မြင်မတွေ့လိုက်ရတော့ မသေချာဘူး။ စစ်သားတွေတင်ခေါ်ပြီး စစ်ကိုင်းကိုရောက်သွားတယ်ဆိုတာတော့ သေချာပါတယ်။" 

စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက အပြင်းအထန် စစ်ဆင်နေတာဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ခုခံတွန်းလှန်စစ် ဆင်နွှဲနေပါတယ်။ 

ဌာ‌နေပြည်သူ့စစ်တပ်ဖွဲ့ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအရေးအခင်းမှာလည်း စစ်ကောင်စီဘက်ကနေ ပါဝင်ကူညီဖူးတယ်လို့ သိရပါတယ်။

သတင်း- မေခ

6 mins Ago
Up