close

စစ်ကောင်စိတပ်

close

July 29, 2022

ကလေးမြို့တွင် CDM ကျောင်းဆရာ၏ဇနီးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်မှာ နေထိုင်တဲ့ ကိုမျိုးသန့်ထွန်းကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၂၈ ရက်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးစဉ် CDM ကျောင်းဆရာ ကိုမျိုးသန့်ထွန်းကို ဖမ်းမမိတာကြောင့် ဇနီးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “မနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အင်အား ၁၅ ယောက်လောက်နဲ့ လာဖမ်းတာ။ အိမ်ထဲကို အပြေးဝင်လာကြတာ။ ကိုမျိုးသန့်ထွန်းကိုတော့ မမိသွားဘူး။ ဒီနေ့မနက်မှာလည်း စစ်သားတွေက လာရှာကြသေးတာ။ သူ့ရဲ့ဇနီးကိုတော့ စစ်သားတွေက ဖမ်းဆီးသွားကြတယ်” လို့ ‌ပြောပါတယ်။

ကျောင်းဆရာ ကိုမျိုးသန့်ထွန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဒီနေ့အချိန်ထိ CDM လုပ်ထားဆဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးကို စစ်ကောင်စီတပ်က ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေတာကြောင့် မြို့ခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀‌ ကျော်ရှိ‌ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ‌ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။

13 hours Ago

November 15, 2021

ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာမှာ နိုဝင်ဘာ ၁၃ ရက် ညဉ့်နက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ရမ်းသမ်းပစ်ခတ်တာကြောင့် လူနေအိမ်တွေ ကျည်ဆန်ထိမှန်ပြီး အမျိုးသားတစ်ဦး  သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကား ၅ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်တွေဟာ ကား ၄ စီးကို ရွာဘောလုံးကွင်းနားမှာ ရပ်ခဲ့ပြီး ကား ၁ စီးနဲ့ ရွာထဲဝင်လာကာ လယ်ကိုင်းရွာမှာ လာခိုလှုံနေတဲ့ လူ ၂ ယောက်ကို လာရှာတာလို့ အော်ဟစ်ပြောဆိုခဲ့ကြောင်း၊ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ ရွာထဲကိုဝင်လာပြီး ရမ်းသမ်းပစ်လို့ သေသွားတဲ့လူက ကိုဖိုးဖြူ၊ အသက်က ၃၀ ကျော်ပါပဲ။ သူ့မိန်းမနဲ့ ၆ နှစ်အရွယ် သားလေးတစ်ယောက်ကျန်ခဲ့တယ်။ ကိုဖိုးဖြူက ရွာထဲမှာ ဆူညံနေတော့  သူ့အိမ်ရှေ့လမ်းပေါ်ကို ထွက်ကြည့်မိတဲ့အချိန်မှာ ကားပေါ်ကနေ ဆက်တိုက်ကို ဆွဲပစ်ပစ်သွားတာ။ အလောင်းကိုတော့ ရွာငံပရဟိတ လူမှူကူညီရေးအသင်းကားနဲ့ပဲ ရွာငံဆေးရုံ ပို့ပေးလိုက်တာပါ” လို့ ပြောပါတယ်။

ရွာထဲက ကိုအောင်လွင်နဲ့ ဦး‌မောင်ဌေးတို့ရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က လူရှာတာဆိုပြီး ဝင်ရောက်ရှာဖွေပြီး သေနတ်တွေ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အိမ်ပြတင်းပေါက်နဲ့ ခေါင်မိုးတို့ ကျည်ထိမှန် ပျက်စီးခဲ့ပြီး ကိုအောင်လွင်ကိုလည်း သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်တာကြောင့် ခေါင်းပေါက်သွားတယ်လို့ ဆိုပါတယ်။

9 months Ago
Up