close

စစ်ကောင်စီကိုယ်စားလှယ်

close

July 22, 2022

ICJ တရားရုံးအမိန့် ကြားနာပွဲ တက်ရန် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ နယ်သာလန်ရောက်

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ အမိန့်ဖတ်ကြားပွဲကို တက်ဖို့  ဦးကိုကိုလှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တရားရုံးရှိရာ နယ်သာလန်ကို ရောက်ရှိနေပြီလို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တရားစွဲထားတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်လွှာ (Preliminary Objections) အပေါ် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒီနေ့ ဇူလိုင် ၂၂ ရက်မှာ တရားရုံးအမိန့်ဖတ်ကြားပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီးဖို့နဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  မြန်မာကို ဂမ်ဘီယာဘက်က တရားစွဲဆိုထားတာ လည်းဖြစ်ပါတယ်။

ဒီအမှုအမိန့်ဖတ်ကြားပွဲ တက်ရောက်ဖို့ စစ်ကောင်စီလက်အောက်ခံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ အလှည့်ကျကိုယ်စားလှယ်(Alternate Agent)ဖြစ်တဲ့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ပူးတွဲခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဇူလိုင် ၂၀ ရက်က ရန်ကုန်ကနေ ထွက်ခွာခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အဲဒီ အဖွဲ့ဟာ အမ်စတာဒမ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇူလိုင် ၂၁ ရက်နေ့မနက်ပိုင်းမှာ ရောက်ပြီး စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့က သံအမတ်ကြီး ဦးစိုးလင်းဟန်နဲ့ သံရုံးဝန်ထမ်းတွေက လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့​တယ်လို့ ဆိုပါတယ်။

Photo- MOFA

4 mins Ago
Up