close

စစ်ကောင်စီခန့် ရာအိမ်မှူး

close

August 30, 2022

ကန်ကြီးထောင့်တွင် စစ်ကောင်စီခန့်ရာအိမ်မှူး မောင်းလာသည့် သုံးဘီးဆိုင်ကယ် ဗုံးခွဲခံရ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဩဂုတ် ၃၀ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီက ခန့်ထားတဲ့ ရာအိမ်မှူး ၁ ဦး အိုးဝေ(သုံးဘီး)ဆိုင်ကယ် မောင်းလာစဉ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကံကုန်းကျေးရွာရာအိမ်မှူး ကရင်လေး(ခ)အာချလားရဲ့ သုံးဘီးဆိုင်ကယ်ဟာ ကံကုန်းကနေ မြောင်းမြသွားတဲ့ ကားလမ်းမပေါ်က ညောင်ချောင်းကျေးရွာတံတားအနားမှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးက “အစ်ကိုတို့သိရသလောက် သူက စစ်ကောင်စီခန့်ထားတဲ့ ရာအိမ်မှူး ဖြစ်တယ်၊ ပြီးတော့ ပြည်သူ့စစ်အဖွဲ့ဝင် ပြည်သူကို ဖိနှိပ်ခြိမ်းခြောက်နေတဲ့သူတဦးပေါ့၊ အဲဒါကြောင့် ရှင်းလင်းတာလို့ သိရတယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီခန့် ရာအိမ်မှူးရဲ့ သုံးဘီးဆိုင်ကယ်ကို ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ KRF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

သုံးဘီးဆိုင်ကယ် ဗုံးဖောက်ခွဲခံရတာကြောင့် စစ်ကောင်စီခန့် ရာအိမ်မှူး ကရင်လေး(ခ)အာချလားဟာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့လို့ ပုသိမ်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဆောင်ကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

1 week Ago

November 23, 2021

သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ဒဏ်ရာရခဲ့သည့် စဉ့်ကူးမြို့နယ် ရာအိမ်မှူး နုတ်ထွက်စာတင်

သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာက ရာအိမ်မှူးဟာ နိုဝင်ဘာ ၂၃ ရက်နေ့က နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၈ နှစ်အရွယ် ကျည်တောက်ပေါက်ကျေးရွာ ရာအိမ်မှူး ဦးမျိုးခိုင်ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က တစ်ယောက်တည်း ဆိုင်ကယ်မောင်းလာချိန် သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ပေါင်နဲ့ ဒူးတို့မှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ရာအိမ်မှူးဟာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ကျည်တောက်ပေါက်ဆေးရုံကနေ မန္တလေး ဆေးရုံကြီးကို လွှဲပြောင်းကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ကျည်တောက်ပေါက်ကျေးရွာက ကျေးရွာတာဝန်ခံ ရာအိမ်မှူး ဦးမောင်ငယ် သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

10 months Ago
Up