close

စစ်ကောင်စီခန့် ဝန်ကြီးချုပ်ယာဉ်တန်း

close

February 21, 2022

အာဏာသိမ်းစစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အရှေ့ဘက် နှောရိုးရွာအနီးမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ ယာဉ်တန်းကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ယာဉ်တန်းကို ဒီကနေ့ မနက်အစောပိုင်းက ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းတစ်ကျောင်းက အောက်စီဂျင်စက်ရုံဖွင့်လှစ်ပွဲ လာတဲ့အချိန် မိုင်းဆွဲတိုက်ခဲ့တာလို့ မြောက်ယမား PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မိနစ်အနည်းငယ်ကြာအောင် ပစ်ခတ်ခဲ့ကြတယ်။ ကျနော်တို့က မိုင်းနဲ့တိုက်ခိုက်ခဲ့လို့ သူတို့ဘက်က အထိနာသေဆုံးမှုတွေရှိတယ်။ လူနာတင်ကားနဲ့ သူတို့ ရဲဘော်တွေကို လာသယ်သွားကြတယ်။” 

စစ်ကောင်စီတပ်က စက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ခဲ့ပေမယ့် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

8 mins Ago

November 22, 2021

စစ်ကိုင်းတိုင်း စစ်ကောင်စီခန့် ဝန်ကြီးချုပ်ယာဉ်တန်း ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာနဲ့ နတ်ခရိုင်ကျေးရွာအကြား အမှတ် (၃) အထည်စက်ရုံ (စစ်ကိုင်း)အနီးမှာ  နိုဝင်ဘာ ၂၂ ရက် ဒီနေ့ ညနေ ၅ နာရီလောက်က  စစ်ကောင်စီကခန့်ထားတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ ယာဉ်တန်းဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဦးမြတ်ကျော်ရဲ့ ယာဉ်တန်းကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး​ရေးတက္ကသိုလ်က အပြန်မှာ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က မိုင်း ၁၀  လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရ အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်​ဘာ ၁၉ ရက်​​ကလည်း စစ်​​ကောင်​စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လိုက်ပါလာတဲ့ ယာဉ်​တန်းကို က​လေးဝ PDF က   က​လေးမြို့နယ်​ ယုဇန ​ကျေးရွာနားမှာ မိုင်းဆွဲ တိုက်​ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီခန့်  ကရင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦး လိုက်ပါလာတဲ့ ယာဥ်တန်းဟာလည်း နိုဝင်ဘာ ၂၁ ရက်က ဘားအံ-လှိုင်းဘွဲ ကားမကြီး၊ ရေပူ(မောကို)လမ်းခွဲနားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

3 months Ago
Up