close

စစ်ကောင်စီခန့်

close

September 15, 2022

ရေကြည်မြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စက်တင်ဘာ ၁၄ ရက်က  စစ်ကောင်စီ ခန့်ထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတယောက်  သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇရပ်လှကျေးရွာက အုပ်ချုပ်ရေးမှူး ဦးတာဘူးဟာ အစည်းဝေးသွားတက်ချိန် ငါးသိုင်းချောင်းမြို့ ကျုံတာကျေးရွာနားမှာ ဆိုင်ကယ်နဲ့ဘေးချင်းကပ်ပြီး အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အမှန်သူက အစည်းဝေးသွားတာလို့ ကြားတယ်။ အစပိုင်းကတော့ ဘယ်သူမှန်းမသိဘူး။ ရဲတွေဘာတွေ ရောက်လာမှ အုပ်ချုပ်ရေးမှူးမှန်းသိတာ ဇရပ်လှကျေးရွာအုပ်ကြီး ဦးတာဘူးဆိုတာ အသက် ၄၀ ကျော်လောက် ရှိမယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ 

အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရေကြည်မြို့နယ် ဆေးရုံကိုခေါ်ဆောင်သွားပြီး စစ်ကောင်စီတပ်သားတွေက မြို့အဝင်အထွက်နဲ့ လူစည်ကားတဲ့နေရာတွေကို ပိတ်ဆို့စစ်ဆေးနေပါတယ်။ 

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းတာနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းထဲက တော်လှန်ရေး အင်အားစုတွေကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

31 mins Ago
Up