close

စစ်ကောင်စီတပ်စခန်း

close

April 23, 2023

စစ်ကောင်စီတပ်စခန်း ၂ ခုကို KNLA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါ ၁၆ ဦးသေဆုံး

ကေအန်ယူနယ်မြေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း ၂  ခုကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)က ဧပြီ ၂၂ ရက်မှာတိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအပါအဝင် ၁၆ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရတယ်လို့ ကေအန်ယူက  ဒီကနေ့ ထုတ်ပြန်ပါတယ်။

KNLA  တပ်မဟာ (၃) တပ်ပေါင်းစုတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ တပ်စခန်း‌ ၄ ခုဖြစ်တဲ့ ကေအန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်း၊ ကေအန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနဲ့  ကျွန်းကုန်းစခန်းတို့ကို မနေ့မနက် ၄ နာရီခွဲကနေ ၅ နာရီခွဲအတွင်းမှာ  တပြိုက်နက် တိုက်ခိုက်ခဲ့တာပါ။

ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးနိုင်ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့ပေမဲ့ နောင်ကုန်းစခန်းနဲ့ ရန်မျိုးအောင်စခန်းတွေမှာတော့ စစ်ကောင်စီတပ်တွေက စခန်းတွင်မနေပဲ အပြင်ဘက်သို့ ပုန်းရှောင်နေလို့ တိုက်ခိုက်ခဲ့ရတာမရှိဘူးလို့ဆိုပါတယ်။ 

တိုက်ခိုက်အပြီးမှာ စစ်ကောင်စီတပ်က လယ်ဒိုမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနဲ့ နရွဲပင်ကျေးရွာ ကြားမှာ ရဟတ်ယာဉ် ၂ စီး၊ ဂျက်တိုက်ယာဉ် ၁ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့  ကေအန်ယူက ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ တပ်ပေါင်းစုဘက်ကလည်း ၁ ဦး ကျဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လေ့မရှိပါဘူး။

ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ၊PDF ပူးပေါင်းတပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

3 mins Ago

April 11, 2023

ဖလမ်းမြို့နယ်၌ စစ်ကောင်စီတပ်စခန်းတခုကို CNDF သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတခုကို ဧပြီ ၁၀ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၄ ယောက်သေဆုံး၊ ၁၁ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ သတင်းပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ပါတယ်။

ဖလမ်းမြို့နဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ဗားရ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဧပြီ ၁၀ ရက်မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ နာရီခွဲဝန်းကျင်လောက်အကြာမှာ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဗားရ်စခန်းမှာ တာဝန်ကျတဲ့  စစ်ကောင်စီ တပ်သား ၂၅ ယောက်ထဲက ၁၁ ယောက်ဟာ တိုက်ပွဲမှာ သေဆုံးခဲ့ပြီး ၁၄ ယောက်ကို အရှင်ဖမ်းမိခဲ့ပေမယ့် ရထားတဲ့ဒဏ်ရာတွေပြင်းထန်လို့ လမ်းခုလတ်မှာပဲ ဗိုလ်ကြီးတယောက်အပါအဝင် ၃ ယောက် ထပ်သေသွားတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

အဲဒီ စခန်းသိမ်းတိုက်ပွဲကနေ MA1 – သေနတ် သုံးလက်၊ MA2 –တလက်၊ MA3 – နှစ်လက်၊ MA4 – တလက်၊ G3 – ၁၂ လက်၊ MA ကျည်ဘောက် -  ၂ဝ  ၆၀ မမ စိန်ပြောင်း - နှစ်ခု၊ ၆၀ မမ ကျည် - ၅၈ ခု၊ အီနာဂါ - ၈ ခု၊ G3 ကျည်ဘောက် - ၃၇ ခု၊ တိုက်မိုင်း - ၁၁ ခု၊ ၄ဝ မမ ကျည် - ၃၃ ခု၊ လက်ပစ်ဗုံး - ၁၂ လုံး၊ ရှေ့ထွက်မိုင်း - ၅၀၊ နင်းမိုင်း - ၅၀၀၊ MA ကျည် - ၁,၀၀၀ ကျော်နဲ့  G3 ကျည် - ၂,၅၀၀ ကျော် သိမ်းဆည်းခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ အရပ်သား ပြည်သူတယောက်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲဘော်တယောက်တို့ ကျဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

2 weeks Ago
Up