close

စစ်ကောင်စီတပ်နှင့် TNLA

close

January 30, 2023

လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA ကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မှာ  ဇန်နဝါရီလ ၂၉ ရက်က စစ်ကောင်စီတပ်နဲ့  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လာရှိုးအခြေစိုက် ခမရ(၅၀၄) ကနေ  TNLA တပ်ရင်း(၅၉၅)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး နမ်မောရွာနဲ့ မန်ကောင်ရွာကို စစ်ကြောင်းထိုးလာတာကြောင့် မနေ့ နေ့လယ်လောက်က  နှစ်ဖက်အပြန်လှန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ညနေ ၃ နာရီ ၅၀ မိနစ်လောက်ကနေ    ညနေ ၆ နာရီလောက်အထိ အချိန်  ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

TNLAရဲ့ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “တိုက်ပွဲကတော့ မကြာခဏရှိနေပါတယ်။ အပြင်းအထန်ဖြစ်တာကတော့ ဒီဇင်ဘာတုန်းက နမ့်စန်မြို့နယ် ကုန်းသာရွာတိုက်ပွဲပါပဲ။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ ခုခံစစ်သဘောနဲ့ပဲ ဆင်နွှဲနေတာပါ။ သူတို့ဘက်က အဲဒီလို တဖက်သက် ပစ်ခတ်ထိုးစစ်ဆင်နေတာတွေက ဘာရည်ရွယ်ချက်လဲ ဆိုတာတော့ သေချာမသိရသေးဘူး”လို့ ပြောပါတယ်။

တိုက်ပွဲငြိမ်သက်သွားပေမယ့် အခုထိ စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်ကောင်စီဘက်ကတော့ သတင်းအချက်အလက် ထုတ်ပြန်တာမျိုးမတွေ့ရှိရသေးပါဘူး။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဟာဆိုရင် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင့်တပ်တော် AA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အဖြစ်  မဟာမိတ်ဖွဲ့စည်း ရပ်တည်ထားပါသေးတယ်။

3 hours Ago
Up