close

စစ်ကောင်စီတပ်ဖွဲ့ဝင်များ

close

May 20, 2022

သေ့ဘောဘိုးတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက် ထွက်ပြေး (ရုပ်သံ)

ကရင်ပြည်နယ်၊ သေ့ဘောဘိုးတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ယောက်နဲ့ ပေါ်တာ ၃ ယောက် စုစုပေါင်း ၁၄ ယောက် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတယ်လို့  ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

ထွက်ပြေးလာတဲ့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ ထိုင်းစစ်တပ်ထံမှာ အကူညီတောင်းခံခဲ့လို့   မေလ ၁၉ ရက်မှာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကနေ ပြန်ပို့ပေးခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

သေ့ဘော့ဘိုး စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်သွားတဲ့  အကြမ်းဖက်စစ် ကောင်စီတပ်သားတွေဟာ မေလ ၁၉ ရက် နေ့လယ်က မြဝတီ-ဝေါ်လေကားလမ်းကို ဖြတ်သန်းပြီး သောင်းရင်းမြစ်ကို ဖြတ်ကူး ထွက်ပြေးသွားခဲ့တာလို့လည်း ကော်ဘရာစစ်ကြောင်းကလည်း သတင်းထုတ်ပါတယ်။

ဒီနောက် ထိုင်းဘက်အခြမ်းမှ အသင့်စောင့်ဆိုင်းနေတဲ့ ထိုင်းစစ်သားတွေက ကားနှစ်စီးနဲံ လာရောက်ခေါ်ယူခဲ့ပြီး စစ်ကောင်စီ တပ်သားတွေရဲ့ လက်နက်တွေကို ထုပ်ပိုး သယ်ဆောင်သွားခဲ့ကာ သောင်းရင်းမြစ် ဖြတ်ကူးစဉ် ပြုတ်ကျ ကျန်ရစ်ခဲ့တဲ့ MA -2 တလက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အခုလို သေ့ဘောဘိုးတပ်စခန်းကျသွားတာနဲ့  စစ်ကောင်စီတပ်သားတွေ  ထိုင်းဘက်ထွက်ပြေးတာနဲ့ ပတ်သက်လို့တော့  စစ်ကောင်စီဘက်ကတော့ အတည်ပြုသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သေ့ဘော့ဘိုးကျေးရွာအနီးက စစ်ကောင်စီရဲ့တပ်စခန်းကို မေ ၁၈ ရက် မွန်းလွဲပိုင်းမှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၆ ယောက်ကို အရှင်ဖမ်းမိပြီး  လက်နက်မျိုးစုံ ၁၂ လက်နဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

8 mins Ago

March 10, 2022

ဝေါမြို့နယ်တွင် ဒုရဲအုပ်တဦး ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့မှာ ဒုရဲအုပ်အဆင့် ရဲတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “မတ်လ ၉ ရက်နေ့ ည ၈ နာရီလောက်က ရဲစခန်းအနီးက ထမင်းဆိုင်မှာ ဒုရဲအုပ်က အဖော်တဦးနဲ့အတူ ရှိနေတုန်း အမည်မသိသူတဦးက ပစ္စတိုသေနတ်နဲ့ အနီးကပ် ပစ်လိုက်တာ သေသွားတယ်။ အတူပါလာတဲ့ အဖော်လည်း ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
ဒုရဲအုပ်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဝေါ PDF က “ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် ငွေကြေးကောက်ခံနေတာကြောင့် ထမင်းကြော်ဆိုင်ရှေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ဒုရဲအုပ်တယောက် သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ဒလန်တဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့အတွင်း ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

2 months Ago

တနင်္သာရီတွင် ဆိုင်ကယ်စီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ်းမလိုင်းရွာနဲ့ ရှမ်းအင်းတော်ရွာကြားမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံ PDF အဖွဲ့က ပြောပါတယ်။
မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက အခုလို တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ဆိုင်ကယ်နဲ့လာတယ်လို့ သတင်းရရှိတဲ့အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က တဦးသေဆုံးသွားသလို စစ်ကူတွေ ရောက်လာတဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပါဝင်တိုက်ခိုက်မှုမှာ ပါဝင်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း တနင်္သာရီဘက်ကနေ မြိတ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၁၅ စီးကို မြိတ်ခရိုင် လသာကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုနှစ်ဆန်းပိုင်းကစလို့ တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသတွင်းမှာလည်း စစ်ဘေးရှောင်ပြည်သူတွေ တိုးလာနေပါတယ်။

2 months Ago
Up