close

စစ်ကောင်စီတပ်သား ၅ ဦးသေ

close

March 10, 2022

လေးကေ့ကော်တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသမှာ   မတ်လ ၁၀ ရက် ဒီနေ့မနက်က   KNLA၊  PDF ပူးပေါင်းတပ်တွေနဲ့  စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး  စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ KNLA  တပ်ဖွဲ့ထံက သိရပါတယ်။

ဒီနေ့မနက် တိုက်ပွဲဖြစ်တဲ့နေရာကို  KNLA နဲ့ PDF  ပူးပေါင်းတပ်တွေက ရှင်းလင်းရာမှာ MA 1 သေနတ်တစ်လက်၊ ကျည်ကာအင်္ကျီတထည်၊ ဖုန်းတစ်လုံးနဲ့ တခြားစစ်အသုံးဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့  KNLA စစ်သားတယောက်က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြေကုပ်ယူထားတဲ့ လေးကေ့ကော်မြို့သစ် လက်နက်ကြီးတောင်ကုန်းပေါ်ကနေ  120 မမ  လက်နက်နဲ့ ဖလူးလေးရွာဘက်ကို ပစ်ခတ်ခဲ့သလို  လက်ငယ်တွေနဲ့လည်း  မွန်းလွဲ ၂ နာရီလောက်က ပစ်ခတ်ခဲ့ပါတယ်။ 

လေးကေ့ကော်ဒေသမှာ မတ်လ ၉ ရက် မနက် ၉ နာရီလောက်ကလည်း  KNLAနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီလောက်မှာတော့ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်တွေနဲ့ လာရောက်  ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။  

13 mins Ago
Up