စစ်ကောင်စီ တပ်မ ၄၄ ၊ တပ်ရင်း ၁၀၂ မှ စစ်သား ငါးယောက် အာဏာဖီဆန် CDM ဝင်လာပြီး ပြည်သူ့ရင်ခွင့်ခိုလှုံလာတဲ့အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က လွတ်မြောက် နယ်မြေသို့ ပို့ဆောင်လိုက်ပါတယ်။
CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သား ငါးယောက်ကတော့ ဇော်ထက်အောင်၊ အောင်ကျော်ထူး၊ အောင်ငြိမ်းချမ်း၊ အောင်အောင်နဲ့ ရဲမြင့်မြတ် တို့ဖြစ်ကြပြီး အသက်အရွယ်အားဖြင့် အသက် ၁၇ နှစ်မှ ၂၇ နှစ် အထိရှိကြောင်း ကေအန်ယူ သတင်းရင်းမြစ်ကနေ သိရပါတယ်။
အဆိုပါ စစ်သား ငါးယောက်ဟာ ရခိုင်ပြည်နယ်မှ မကွေးတိုင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရပြီးနောက် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဥကရစ်ထဘက်သို့ ပို့ဆောင်ခံရပြီး ဖလူးရွာဘက်ကနေ ထွက်ပြေးလာကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဥကရစ်ထစခန်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA၊ KNDO တပ်တွေနဲ့ ပူးပေါင်းတိုက်ဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန် CDM ဝင်ရောက်လာတဲ့ ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိနဲ့ စစ်သည်အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။