close

စစ်ကောင်စီတပ်အရာရှိ

close

March 3, 2023

သပိတ်ကျင်းရှိ စစ်ကောင်စီတပ်အရာရှိပိုင် ရွှေတူးဖော်သည့် ကုမ္ပဏီကို ပ.က.ဖ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာနဲ့ ကြက်ရိုးပင်ကျေးရွာကြားက စစ်ကောင်စီတပ်က ဗိုလ်မှူးမျိုးခိုင်ပိုင်တဲ့ ကျော်ဇောသူ ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီကို မတ်လ ၁ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပ.က.ဖ၊ လင်းယုန်တပ်ဖွဲ့ကနေ သိရပါတယ်။

ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ) နဲ့ Nine PDF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေမှာ စစ်အုပ်စုနဲ့ ပူးပေါင်းဆက်နွှယ်တဲ့ ရွှေတူးဖော်သူတွေကို လုံခြုံရေးပေးတာတွေရှိသလို လွတ်လွတ်လပ်လပ် တူးဖော်ခွင့်ပေးထားကာ စစ်အုပ်စုနဲ့ အဆင်မပြေသူတွေကိုတော့ လုပ်ခွင့်ပိတ်တာ၊ ဓာတ်ဆီလောင်းပြီး မီးရှို့တာတွေ လုပ်တယ်လို့လည်း သိရပါတယ်။

ဗိုလ်လင်းယုန်က “ကျနော်တို့မြို့နယ်ထဲမှာက လုပ်ငန်းရှင်တော်တော်များများက ကုမ္ပဏီတခုဆိုရင် စစ်ကောင်စီက ဗိုလ်မှူးတွေ နှစ်ယောက်သုံးယောက် အမြဲတမ်းပါတယ်။ တကယ် ပုဂ္ဂလိကနဲ့ စစ်ကောင်စီနဲ့လည်း မဆက်နွှယ်ဘဲနဲ့လုပ်တဲ့ ကုမ္ပဏီတွေဆိုရင် လုပ်ခွင့်မရှိသလောက်ပါပဲ။ အဲ့လိုဆိုရင် စစ်ကောင်စီနဲ့ ပဏာကျတဲ့ ပေါလန်တွေက အဲ့ကုမ္ပဏီတွေကို ပိတ်လိုက်ပါ၊ သိမ်းလိုက်ပါ၊ ဘာလုပ်လိုက်ပါ၊ နောက်ကနေ ဖိအားပေးပြီးတော့ အဲ့လိုမျိုးသွားနေကြတာ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် စစ်ဗိုလ်မှူးပိုင်တဲ့ ကျော်ဇောသူကုမ္ပဏီကို ဝင်ရောက်တားဆီး ပိတ်ပင်ခဲ့တာလို့ သိရပါတယ်။

ပ.က.ဖ တွေ ဝင်ရောက်စီးနင်းချိန်မှာ ကုမ္ပဏီတာဝန်ရှိသူတွေ ထွက်ပြေးသွားပြီး ကျန်ခဲ့တဲ့ ကုမ္ပဏီဝန်ထမ်းတွေကို စစ်အုပ်စုဒေါက်တိုင် ကုမ္ပဏီတွေမှာ မလုပ်ကိုင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့လည်း လင်းယုန်တပ်ဖွဲ့ထံက သိရပါတယ်။

ကျော်ဇောသူကုမ္ပဏီမှာ ဗိုလ်မှူးအောင်ဆန်းဦးက မန်နေဂျာ၊ ဗိုလ်ကြီးမင်းနိုင်က လက်ထောက်မန်နေဂျာအဖြစ် ဦးစီးလုပ်ကိုင်နေပါတယ်။

ကုမ္ပဏီလုံခြုံရေးအတွက် တပ်စိတ်တစိတ်ကို တလ ကျပ် သိန်း ၃၀ ပေးကာ ခေါ်ယူ ကင်းစောင့်ခိုင်းထားသလို ပိုင်ရှင် ဗိုလ်မှူးမျိုးခိုင်နဲ့ အပတ်စဉ်တူ ဗိုလ်မှူးတွေလည်း တလကို နှစ်ခေါက် အနည်းဆုံး လာတတ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက မြေပြင် စစ်ကြောင်းထိုးရာမှာလည်း ကုမ္ပဏီပိုင် ကားကြီးကားငယ်တွေနဲ့ လိုက်လံပို့ဆောင်ပေးနေသလို အဆိုပါကုမ္ပဏီ စီးနင်းခံရပြီးနောက် ဒေသတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းတာတွေ ခပ်စိတ်စိတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမောင်ကို ပိုင်ဆိုင်တဲ့ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာက  Golden Point ကုမ္ပဏီဝန်းထဲမှာလည်း စစ်ကောင်စီအင်အား အများအပြားရှိသလို ပျူစောထီးသင်‌တန်းတွေ ပေးနေပြီး အဆိုပါ ကုမ္ပဏီဝန်ထမ်းတွေကိုပါ သေနတ်ကိုင်ခွင့်ပေးထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဦးမောင်ကိုနဲ့ ဆက်စပ်နေတဲ့ ဦးမန်းစိန်ပိုင် ရေထွက်-လက်ပံပြန့်ရှိ ရွှေတူးဖော်ရေး ကုမ္ပဏီဝန်းထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး သင်တန်းပေးတာတွေ ရှိတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုကို မျက်ကွယ်ပြုပြီး စစ်ကောင်စီကို ဒေါက်တိုင်ပြုနေတဲ့ ရွှေကုမ္ပဏီတွေကို ပြတ်ပြတ်သားသား ကိုင်တွယ် တားမြစ်မယ်လို့ ဗိုလ်လင်းယုန်က ပြောပါတယ်။

အဆိုပါကုမ္ပဏီတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ အခွန်ပေးဆောင်ပြီး လုပ်ကိုင်ဖို့ကိုလည်း ဗိုလ်လင်းယုန်က တိုက်တွန်းထားပါတယ်။

14 mins Ago

June 23, 2022

စစ်တွေတွင် စစ်ကောင်စီတပ်အရာရှိ ၁ ဦးကို အေအေဖမ်းဆီး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီတပ် အရာရှိတယောက်ကို ဇွန် ၂၃ ရက် မွန်းလွဲပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သုံးပွင့်အဆင့်ရှိ စစ်ကောင်စီတပ်ဗိုလ်ကြီး မင်းဂံရပ်ကွက်တနေရာမှာ အေအေက ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ဟုတ်တယ်။ မင်းဂံနားမှာ ဖမ်းသွားလို့ မင်းကံမြို့ဝင် မုခ်ဝကနေ ဗန္ဓုလခွဆုံအထိ ကားအသွားအလာတွေကို ပိတ်ဆို့စစ်ဆေးနေတယ်။”

လက်ရှိ စစ်တွေမြို့ရှိ လမ်းတွေမှာ လုံခြုံရေးချထားတာကြောင့် လူအသွားအလာ ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ခံတဦးက “ဟုတ်ပါတယ်။ ဖမ်းသွားတဲ့သတင်း ကျယ်ပြန့်စွာထွက်လာပြီး စစ်တွေမြို့မှာ စစ်ကားတွေ အပြည့် နေရာချထား ယူထားကြတော့ လူတွေက နေအိမ်တွေမှာပဲ နေထိုင်နေကြတယ်” လို့ ပြောပါတယ်။‌

စစ်တွေမြို့အဝင် ဂိတ်လမ်းမှာလည်း စစ်ဆေးနေတာကြောင့် ကားအသွားအလာ ရာချီပြီး ပိတ်ဆို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

8 months Ago
Up