close

စစ်ကောင်စီထောက်ပို့ရထား

close

April 6, 2022

မန္တလေးဘူတာကြီးတွင် စစ်ကောင်စီထောက်ပို့ရထား ဗုံးပစ် တိုက်ခိုက်ခံရ

မန္တလေးမြို့၊ ဘူတာကြီးမှာ စစ်ကိုင်းဘက်သို့ထွက်ခွာမယ့် စစ်ကောင်စီ ထောက်ပို့ရထားတစီးကို ဧပြီလ ၆ ရက်ညနေမှာ  ဗုံးနဲ့ပစ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။ 

ဒီနေ့ညနေ ၆ နာရီလောက်မှာ  မန္တလေးကနေ စစ်ကိုင်းဘက်ကို ထောက်ပို့သွားမယ့် စစ်ကောက်စီ ရထားကို ကင်းအထပ်ထပ်ချထားတဲ့ ကြားက Ranger of Mandalay အဖွဲ့မှ ဗိုလ် phoenix နဲ့ Justice Mandalay PDF အဖွဲ့မှ ရဲဘော်ရှဲဒိုးတို့က ဗုံးတစ်လုံး ပစ်ထည့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရထားနောက်ခန်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

“စစ်တပ်က မန္တလေးမြို့ကို ဘယ်လိုပဲဖိဖိ၊ ကျနော်တို့ အသက်နဲ့ရင်းပြီး ကြိုးစားနေပါတယ်။ ပြည်သူတွေကလည်းနိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပေးကြပါ”လိူ့  ဗိုလ်ဖီးနပ်စ်က တောင်းဆိုထားပါတယ်။

ထောက်ပို့ရထား ဗုံးပစ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မတ်လ ၂၉ ရက်ကလည်း စစ်ကောင်စီဝါဒဖြန့်ရုပ်သံရိုက်ကူးရေးအဖွဲ့ လိုက်ပါလာတဲ့ ရထားတစီး  ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကနေ ပြင်ဦးလွင်မြို့ဘက်ကို ထွက်ခွာလာစဉ်  ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။

4 mins Ago
Up