close

စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်

close

August 8, 2022

ဖားကန့်တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နယ် ဆယ်ဇင်းကျေးရွာမှာ  ဩဂုတ် ၇ ရက်မနက် ၁ နာရီလောက်ကစပြီး  ဒီနေ့အထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

KIA နဲ့ နီးစပ်သူတဦးက “၁ နာရီအချိန်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်၊ အခုထိလည်းဖြစ်နေတုန်းပဲ၊ KIA, PDF ပူးပေါင်းပြီး စစ်ကောင်စီစခန်းတခုနဲ့ SNA ရှမ်းနီတပ်စခန်း ဝင်ရောက်တိုက် သိမ်းပိုက်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဆယ်ဇင်း၊ တာမခံ၊ ရွှေပြည်မြင့်ဘက်တွေမှာလည်း ဒီနေ့မနက် KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ SNA တို့ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံး အခြေအနေကိုတော့ မသိရသေးပါဘူး။

ဒေသခံ အမျိုးသားတဦးက "စကစစခန်းနဲ့ SNA တပ်စခန်း ၂ ခုစလုံးကို ရှင်းလင်းလိုက်ပြီ။ အခုသိမ်းလိုက်တဲ့ စခန်းတွေကို KIA က သွားရောက်သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းက မှန်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ကလည်း ဆယ်ဇင်းကျေးရွာမှာ KIA၊ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

1 min Ago
Up