close

စစ်ကောင်စီရဲစခန်း တိုက်ခိုက်ခံရ

close

April 30, 2022

ကနီမြို့နယ် ဝင်မနားကျေးရွာရှိ စစ်ကောင်စီရဲစခန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားကျေးရွာမှာရှိတဲ့ စစ်ကောင်စီ နယ်မြေခံရဲစခန်းကို ဧပြီ ၃၀ ရက် ဒီနေ့ ညနေ ၃ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဝင်မနားရွာသားတယောက်က “ပေါက်ကွဲအသံ အကျယ်ကြီး နှစ်ကြိမ်ကြားရတယ်။ ရဲစခန်းထဲ‌ ပေါက်ကွဲတာ ဖြစ်တယ်ဗျ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း  ဒဏ်ရတာတွေလည်းရှိတယ်လို့တော့ သတင်းကြားရတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျ မသိရသေးပေမဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်ကတော့ သေဆုံးသူ ၄ ယောက်လောက်ရှိနိုင်တယ်လို့ ပြောပါတယ်။   

“တိုက်တာက ဒရုန်းနှစ်စီးနဲ့တိုက်ခိုက်ခဲ့တာဗျ။ ဒီကောင်တွေက စခန်းထဲမှာ ကတုပ်ကျင်းတွေ‌နဲ့ ပါပြင်ထားကြတာ။ ကျနော်တို့လည်း  အပေါ်စီးကနေ ချတာဆိုတော့ ထိထိမိမိကိုချနိုင်ခဲ့တယ်။ ကျနော်တို့တိုက်ခိုက်ခဲ့လို့ ဒီကောင်တွေသေတဲ့သူတွေလည်း ဒရုန်းနဲ့ အပေါ်စီးကနေ ကြည့်ရတာဆိုတော့ ရှင်းရှင်းလင်းလင်းမြင်နေရတာ။‌ လေးယောက်ကတော့ နေရာတင်သေတယ်။ တချို့ကောင်တွေကတော့  ကတုပ်ကျဉ်းထဲ ခုန်ချတဲ့သူကချနဲ့ အထိခိုက်တွေလည်းရှိမယ်။”

အဲဒီဝင်မနားကျေးရွာဟာ ကနီမြို့နယ် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိတဲ့ ကျေးရွာတရွာ လည်း ဖြစ်ပါတယ်။

ဝင်မနားစခန်းကို  ဒရုန်းယာဉ်နဲ့တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဟာ ကနီမြို့နယ်ချင်တွင်းမြစ် အရှေ့ဘက်ကမ်း အခြေစိုက် မြို့နယ်ပကဖအဖွဲ့က တိုက်ခိုက်ခဲ့တာလည်းဖြစ်တယ်လို့ အဖွဲ့ဝင်တွေထံက သိရပါတယ်။

9 hours Ago
Up