close

စစ်ကောင်စီဝန်ထမ်း

close

May 14, 2022

မြစ်ကြီးနားနှင့် ဟူးကောင်းခရိုင်ရှိ စစ်ကောင်စီဝန်ထမ်းများ နုတ်ထွက်ရန် ကေအိုင်အို သတိပေး

စစ်ကောင်စီလက်အောက်မှာလုပ်ကိုင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး ကိုယ့်အသိစိတ် ဓာတ်နဲ့ နုတ်ထွက်ကြဖို့ ကချင်လွတ်​လပ်ရေးအဖွဲ့(ကေအိုင်အို)ရဲ့ မြစ်ကြီးနားနဲ့ ဟူးကောင်းခရိုင်ရုံးတို့က မေလ ၁၄ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ 

မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်ကောင်စီက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မတရား အဓမ္မသိမ်းယူပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာကြောင့်  ပြည်သူ လူထုတရပ်လုံးက စစ်အာဏာရှင်ကို လုံးဝ လက်မခံဘဲ စစ်အာဏာရှင် ကျရှုံးရေး အတွက် နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲ ဝင်နေကြတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြစ်ကြီးနားခရိုင်နဲ့ ဟူးကောင်းခရိုင်ထဲမှာရှိတဲ့ မြို့နယ်၊ ကျေးလက်ဒေသ အားလုံးမှာ စစ်ကောင်စီရဲ့ လက်အောက်ခံ ဝန်ကြီးဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမှုထမ်း အရာထမ်းတွေ အားလုံး မိမိစိတ်ဆန္ဒနဲ့ လက်ရှိထမ်းဆောင်နေတဲ့ တာဝန်တွေကနေ နုတ်ထွက် ရပ်နားသွားဖို့ အလေးအနက် တိုက်တွန်း လိုက်တယ်လို့ ဆိုပါတယ်။

တကယ်လို့ တာဝန်ကနေ မနုတ်ထွက် မရပ်နားဘဲ စစ်ကောင်စီ လက်အောက်မှာဆက်လက် အမှု ထမ်းနေရင်  ဖြစ်ပေါ်လာမယ့် ပြဿနာ အကျိုးဆက်တွေ အားလုံးဟာ ကာယကံရှင်ရဲ့ တာဝန်ပဲဖြစ်​တယ်လို့လည်း ကချင်လက်နက်ကိုင်အဖွဲ့က သတိပေးထားပါတယ်။

6 mins Ago

March 30, 2022

ညောင်လေးပင်တွင် စစ်ကောင်စီဝန်ထမ်းများ မိုင်းခွဲတိုက်ခိုက်ခံရ၊ ရဲအပါအဝင် ၄ ဦးသေဆုံး

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ မတ် ၃၀ ရက် မနက်ပိုင်းက စိုက်ပျိုးစရိတ်ချေးငွေ လာတောင်းတဲ့ စစ်ကောင်စီဝန်ထမ်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးခရိုင် PDF ကနေ သိရပါတယ်။

ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ စိုက်ပျိုးစရိတ်ချေးငွေ တောင်းဖို့လာတဲ့ စစ်ကောင်စီ ထွေအုပ်ဝန်ထမ်းတွေနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်သားတယောက်၊ ညောင်လေးပင် ထွေအုပ်ဝန်ထမ်း ထူးစေး၊ ရာအိမ်မှူး ကုလား (ခ) တင်စိုးနဲ့ ပြည်တော်အေးပိုင်း ရာအိမ်မှူး နိုင်ဝင်းတို့ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီခန့် ပေါက်ကုန်းလေး အုပ်ချုပ်ရေးမှူးနဲ့ တခြားလူတချို့လည်း အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့မနက် ၅ နာရီကျော်လောက်မှာ ပဲခူးခရိုင် PDF တပ်ရင်း ၁၊ တပ်ခွဲ ၁ Eagle Guerilla Force က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပဲခူးခရိုင် PDF အနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ ထောက်တိုင်တွေကို အရှိန်ဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

အဲဒီ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

2 months Ago
Up