close

စစ်ကောင်စီ ခြိမ်းခြောက်

close

July 26, 2022

ဗုဒ္ဓဘာသာကို စော်ကားပြောဆိုပါက အမိန့်ထုတ်အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ဗုဒ္ဓဘာသာကို စော်ကားပြောဆိုမှုတွေရှိရင် ဥပဒေကဲ့သို့ တည်တဲ့ အမိန့်တွေထုတ်ပြီး အရေးယူတာတွေလုပ် ဆောင်သွားမယ်လို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက  ဇူလိုင် ၂၆ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘာသာရေးကိုစော်ကားပြောဆိုရင် ရာဇသတ်ကြီ ဥပဒေတွေနဲ့ အရေးယူနိုင်သလို အွန်လိုင်းပေါ်က တဆင့် ရေးသားပြောဆိုမှုတွေအတွက် အီလက်ထရောနစ်ဥပဒေတွေနဲ့ အရေးယူနိုင်ပေမယ့် လိုအပ်ရင် ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်တွေလည်း ပေါ်ပေါက်လာနိုင်တယ်လို့ပြောဆိုခဲ့ တာပါ။

“သာသနာရေးဝန်ကြီးဌာနအနေနဲ့တော့ ဥပဒေအသစ်ပြဋ္ဌာန်းဖို့မရှိသေးပေမယ့် လိုအပ်ရင် ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ဆိုတာ ပေါ်ပေါက်လာနိုင်တယ်။ ကျန်တဲ့သူတွေနဲ့ ဆက်လက်ပြောဆိုသွားရမှာဖြစ်တယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဥပဒေအများစုဟာလိုအပ်ချက်တွေအရ တောင်းဆိုချက်တွေအရ ပေါ်ပေါက်လာတာဖြစ်တာကြောင့် လက်ရှိအချိန်မှာ ဥပဒေအသစ်ထုတ်ဖို့မရှိသေးပေမဲ့ ဆရာတော်ကြီးတွေကို စော်ကားပြောဆိုမှုတွေကို ထိန်းချုပ်ဖို့နဲ့ ထိရောက်စွာအရေးယူနိုင်ဖို့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်တွေ ထုတ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဘူးလက်လှဆွေနဲ့ တခြားသတင်းထောက်တဦးရဲ့ တင်ပြ တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်လူသတ်နေတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ပူးပေါင်းနေတဲ့ ဘုန်းကြီးတွေကို ပြည်သူလူထုတွေက လူမှုကွန်ရက်တွေမှာ ဆန့်ကျင်ဝေဖန်နေကြတာဖြစ်ပါတယ်။

9 hours Ago

January 3, 2022

စခန်းမဝင်သည့် ကရင်အမျိုးသမီးဘောလုံးသမားများကို ရာသက်ပန် ကစားခွင့်ပိတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

စခန်းဝင် လေ့ကျင့်ဖို့မလာရောက်တဲ့  ကရင်ပြည်နယ်၊လက်ရွေးစင် အမျိုးသမီးဘောလုံး အားကစားသမားတွေကို ပြည်နယ်အတွင်းကျင်းပမယ့် ဘယ်အားကစားပြိုင်ပွဲမဆို ရာသက်ပန် ကစားခွင့်မပြုဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အားကာ ဌာန ညွှန်မှူးက ခြိမ်းခြောက်လိုက်ပါတယ်။

ပြည်နယ်အားကစားနဲ့ ကာယပညာဦးစီးဌာနညွှန်မှူးက စစ်ကောင်စီခန့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက် နေ့စွဲနဲ့ ပေးပို့တဲ့စာမှာ အခုလိုဖော်ပြထားတာပါ။

နေပြည်တော်မှာ လာမယ့် ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ ကျင်းပမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ဘားအံမြို့ရှိ အောင်သံလွင်ကွင်းမှာ မြို့နယ်ပေါင်းစုံဘောလုံးပွဲကျင်းပပြီး  ကရင်ပြည်နယ် လက်ရွေးစင်တွေ ရွေးချယ်ထားတာပါ။

ရွေးချယ်ခံထားရတဲ့ လက်ရွေးစင် ကစားသမားတွေကို စခန်းသွင်းလေ့ကျင်ဖို့ ဒီဇင်ဘာ ၄ ရက် အရောက်လာကြဖို့ အကြောင်းကြားထားပေမဲ့ ကစားသမား ၁၁ ယောက် အနေနဲ့ လာရောက် စခန်းဝင်တာမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး ကစားသမားတွေ စခန်းလာဝင်ကြဖို့နဲ့ မလာရောက်ပါက ကရင်ပြည်နယ်အတွင်း ကျင်းပတဲ့ ဘယ်လို အားကစားပြိုင်ပွဲမှာ မဆို ရာသက်ပန် ကစားခွင့်မပြုဖို့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့  ပြည်နယ်အားကာဌာန ညွှန်မှူး စိုးနိုင်ရဲ့ စာမှာဖော်ပြထားပါတယ်။

ရာသက်ပန် ကစားခွင့်ပိတ်ခံရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ အမျိုးသမီးဘောလုံး ကစားသမားတွေကတော့ ဘားအံ၊ လှိုင်းဘွဲနဲ့ ကြားအင်းဆိပ်ကြီး ဒေသက အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးကစားသမားတွေ ဖြစ်ကြပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကပ်ဘေးနဲ့ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် ဘောလုံးအားကစားပြိုင်ပွဲတွေ နည်းပါးသွားသလို   မြန်မာ့အားကစားအခြေအနေဟာလည်း အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

စစ်အာဏာရှင်လက်အောက်မှာ မကစားပေးချင်ကြတဲ့ အားကစားသမားတွေကလည်း  CDM အာဏာဖီဆန် လှုပ်ရှားမှုမှာ ပါဝင်ထားကြပါတယ်။ 

7 months Ago
Up