close

စစ်ကောင်စီ #ဖမ်းဆီး

close

August 25, 2021

ဟုမ္မလင်းမြို့က CDM ဆေးရုံဝန်ထမ်း ၁ ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ သြဂုတ် ၂၄ ရက် ညနေ ၃ နာရီခွဲက အာဏာဖီဆန်ရေး (CDM) လုပ်ထားတဲ့ ဆေးရုံဝန်ထမ်းတစ်ဦးကို စစစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ နေအိမ်တလုံးမှာ ဓာတ်မှန် ဆရာဖြစ်တဲ့ ကိုအိုက်ဇော်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက် ရှာ‌ဖွေဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်စီးကား နှစ်စီးနဲ့ လာဖမ်းသွားတာ။ သတင်းပေးက PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး သတင်းပေးလို့ ဖမ်းခံရတာလို့ ပြောနေကြတယ်။ အတိအကျတော့ မသိရသေးဘူး။” 

ဖမ်းဆီးခံလိုက်ရတဲ့ ကိုအိုက်ဇော်ဟာ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံကုတင် ၁၀၀ က ဓာတ်မှန်ဆရာ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

6 mins Ago
Up