close

စစ်ကောင်စီ ဖမ်းဆီး

close

October 14, 2021

ရွှေဘိုတွင် CDM ဆရာဝန်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာနဲ့ ဆိပ်ခွန်ကျေးရွာတို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးပြီး CDM ဆရာဝန်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ တရက်တည်း နှစ်ရွာဝင်တယ်၊ သူတို့မသင်္ကာတဲ့နေအိမ်တွေကိုဝင်ရှာတယ်၊ ကင်ဗျားရွာကို မနက် ၄ နာရီလောက်ဝင်တယ် အဲဒီရွာက လူငယ်အချို့အဖမ်းရတယ်၊ ဆိပ်ခွန်ကိုတော့ မနက် ၇ နာရီလောက်မှာ နေအိမ်အချို့ကိုဝင်ရှာပြီး CDM လုပ်နေတဲ့ဆရာဝန်အပါအဝင် ၃ ဦးဖမ်းသွားတာ” လို့ ဒေသခံကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကင်းဗျားရွာကို မနက် ၄ နာရီဝင်ဖမ်းတာဖြစ်လို့ လူငယ်တစ်ဦး ဖမ်းဆီးခံရတာကိုပဲ အတည်ပြုနိုင်သေးပြီး ပြေးကြလွှားကြနဲ့အခုချိန်အထိ စိစစ်နေရဆဲဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။ 

ဆိပ်ခွန်ကျေးရွာအတွင်းကိုတော့ မနက်  နာရီလောက် ဝင်ရောက်ခဲ့ပြီး CDM ပြုလုပ်ထားတဲ့ ဒေါက်တာအေးမင်း၊ နပ်စ် အမျိုးသား တစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာ ညအချိန် ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးနေတာတွေလည်းရှိပြီး နေ့ခင်း မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း ဆိုင်ကယ် အပါအဝင် လူတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

5 days Ago

September 6, 2021

ပေါက်မြို့တွင် CDM ဝန်ထမ်း ၁ ဦးအပါအဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီး

မကွေးတိုင်း၊ ပေါက်မြို့မှာ စက်တင်ဘာ ၅ ရက် ညပိုင်းက CDM ဝန်ထမ်းတစ်ယောက်အပါအဝင် ဒေသခံပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက  စစ်ကား ၄ စီး၊ ရဲကား ၂ စီး၊ အင်အားအလုံးအရင်းနဲ့ မနေ့ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ရပ်ကွက်တွေကို ဝင်မွှေပြီးတော့ မြေစာရင်းဌာနက CDM ဝန်ထမ်းတစ်ယောက်အပါဝင် ဒေသခံပြည်သူ ၅ ယောက်ကို မတရားဖမ်းဆီးသွားတာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

ဖမ်းဆီးခံရ သူတွေကတော့ မြို့နယ်မြေစာရင်းဌာနက CDM ဝန်ထမ်း ဦးဇော်သက်မောင်၊ ဦးရန်မျိုးအောင်၊ ဦးဖြိုးသီဟမောင်၊ ဦးရာဇာစိုးနဲ့ ဦးပြည့်စုံဖြိုးတို့ ဖြစ်ပါတယ်။

1 month Ago
Up